images
UN
UN
မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နမ္မတီးဒေသ ရပ်ကျေးအုပ်စုပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ
ဝင်းအောင်(မိုးကောင်း) Thursday, 06 December 2018
မိုးကောင်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော် မတီဝင်များနှင့် နမ္မတီးဒေသ အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေး ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လမ်းခွကျေးရွာအုပ်စုရှိ မြို့နယ် ပါတီကော်မတီဝင် ဦးနော်လောန် ၏ နေအိမ်၌ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြို့နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသည့် ဦးဝင်းကို၊ ဦးနော်လောန်၊ ဒေါ်ခင် မာအေး၊ ဦးသန်းစိုး၊ ဦးတင် လှိုင်နှင့် ရပ်ကွက်လေးရပ်ကွက် နှင့် ကျေးရွာအုပ်စု ရှစ်အုပ်စုတို့မှ ရပ်ကွက်၊ကျေးရွာအုပ်စုပါတီကော် မတီဥက္ကဋ္ဌများတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းကိုက အမှာစကားပြောကြား ပြီး တက်ရောက်လာကြသူများက နမ္မတီးဒေသအတွင်း နိုင်ငံရေးစီမံ ခန့်ခွဲမှုဆင့်ပွားသင်တန်းနှစ်ကြိမ် ဖွင့်လှစ်ရေးနှင့်ပါတီရေးရာကိစ္စရပ် များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။