images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့ မိုင်းခတ် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Thursday, 06 December 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် ဒေသခံပြည်သူများအား တပ် မတော်နယ်လှည့်ဆေးကုအဖွဲ့က ယနေ့နံနက် ၇ နာရီက အားကစား ခန်းမ၌ မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ပြည်သူများအားအခမဲ့ ဆေးဝါးများကုသပေးခဲ့သည်။
နယ်လှည့်ဆေးကုသပေးရာသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်း မှူးဗိုလ်ချုပ်ခင်လှိုင်၊ စစ်ဗျူဟာ အဖွဲ့(အခြေချ)မိုင်းခတ်စစ်ဗျူဟာ မှူးဗိုလ်မှူးကြီးသူရိန်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦကောင်းမြင့်သူ နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆေးကုသနေမှုကိုကြည့်ရှု၍ အား ပေးစကားပြောကြားခဲ့သည်။
ထို့နောက်သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ကျေးရွာနေပြည်သူ ၃၁ဝ အား သွေးတိုးရောဂါ၊ အစာ အိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ အရိုးအဆစ်ကိုက်ခဲ၊ ကိုယ် လက်ကိုက်ခဲရောဂါများ၊ ဆီးချို ရောဂါ၊ အဆုတ်ရောဂါ၊သွားကိုက် ဝေဒနာရှင်များ၊ အထွေထွေရောဂါ များကို အခမဲ့ကုသပေးခဲ့ပြီး တက် ရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား ကြက်ဥနှင့်ခေါက် ဆွဲခြောက်များဝေငှပေးခဲ့ကြောင်း သိရသည်။