images
UN
UN
ယီမင်ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆွီဒင်တွင်ဆွေးနွေးပွဲကျင်းပမည်
Thursday, 06 December 2018
ကုလသမဂ္ဂအဖွဲ့သည် လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သော ယီမင် ပြည်တွင်းစစ်ရပ်စဲနိုင်ရေးအတွက် ယီမင်အစိုးရနှင့် ခွဲထွက်ရေးလုပ်ငန်း စဉ်များဖော်ဆောင်နေသည့် ဟူသီအဖွဲ့များကြားတွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဆွီဒင်နိုင်ငံတွင် ကျင်းပရန် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။
ယီမင်ပြည်တွင်းစစ်သည် ကမ္ဘာပေါ်၌ဖြစ်ပွားလျက်ရှိသော အကျပ် အတည်းများထဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများဆုံးလိုအပ်နေသည့် အကျပ်အတည်းအဖြစ်သို့ရောက်ရှိလျက်ရှိသည်။ ကုလသမဂ္ဂအဖွဲ့၏ တွက်ချက်ထားမှုများအရ ၂ဝ၁၉ ခုနှစ်အတွင်း၌ ယီမင်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် လိုအပ်မည့်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါးရှိမည်ဟုအတည်ပြုထားကာ ကမ္ဘာပေါ်ရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များဖော်ဆောင်ပေးရန် လိုအပ်နေ သည့် အကျပ်အတည်းများထဲတွင် ကုန်ကျစရိတ်အများဆုံးလိုအပ်နေသည့် အကျပ်အတည်းအဖြစ် ရပ်တည်နေသည်။ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ် ရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရေးကို ဦးတည်ကြိုး ပမ်းမည်ဟုလည်းရည်မှန်းထားကြောင်းသိရသည်။
NG(Ref;BBC)