images
UN
UN
ကင်းစခန်းအချို့အား ဖယ်ရှားရန်အတွက် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားပြင်ဆင်
Thursday, 06 December 2018
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သောသတင်းထုတ်ပြန်ချက် အတွင်း၌ မြောက်ကိုရီးယားကာကွယ်ရေးဝန် ကြီးဌာနနှင့်ပူးပေါင်းကာ နှစ်နိုင်ငံကြားရှိနယ် စပ်ဒေသများတွင် တည်ဆောက်ထားသော ကင်းစခန်းများကို ဖယ်ရှားရေးအတွက်ပြင် ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းဖော်ပြ သည်။
လာမည့်ရက်သတ္တပတ်အတွင်း၌ကိုရီးယား နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများမှဖွဲ့စည်း မည့်ပူးပေါင်းအဖွဲ့သည် နှစ်နိုင်ငံခြားရှိနယ်စပ် ဒေသများတွင် တည်ဆောက်ထားသောကင်း စခန်းများအား လေ့လာမှုများစတင်ပြုလုပ် မည်ဖြစ်ကာ ဖျက်သိမ်းမည့်ကင်းစခန်းများ ကို အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်သည်။ တောင်ကိုရီးယားဒုတိယကာကွယ်ရေးဝန်ကြီး က ကိုရီးယားနှစ်နိုင်ငံသည် ကာကွယ်ရေး နှင့်ဆိုင်သော ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်အတွက် လို အပ်သည့်ပြင်ဆင်မှုများနှင့် သဘောတူညီမှု များပြုလုပ်ထားခြင်းဖြစ်ကြောင်းပြောသည်။ စက်တင်ဘာလအတွင်းကပြုံယမ်းတွင်ကျင်းပ ခဲ့သော နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေး ပွဲ၌ စစ်ရေးနှင့်ဆိုင်သော တင်းမာမှုများ အားလျှော့ချရေးအတွက်နှစ်နိုင်ငံကြားရှိအဓိက ကျသော ကင်းစခန်းများအား ဖျက်သိမ်းရန် အတွက် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ NG(Ref; Fox)