images
UN
UN
မြောင်းမြမြို့နယ်စာရေးဆရာအသင်း၏ ပထမအကြိမ် ဝတ္ထုတိုပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
အောင်မင်း(မြောင်းမြ) Thursday, 06 December 2018
ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့နယ် စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပသော ပထမအကြိမ် ဝတ္ထုတိုပြိုင်ပွဲ ဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြောင်းမြခရိုင် ပြန်ဆက်ဦးစီးဌာနတွင် ကျင်းပရာ မြောင်းမြမြို့နယ် စာရေးဆရာ အသင်းနာယက၊ ဥက္ကဋ္ဌနှင့် ကော် မတီဝင်များ၊ ဝတ္ထုတိုပြိုင်ပွဲဆုရရှိ သူများ၊ မိဘများနှင့်ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုး၊ မြောင်း မြမြို့နယ် စာရေးဆရာအသင်း နာယကကြီး ဆရာမျိုးမြင့်သန်း (မြောင်းမြ)တို့က အမှာစကားများ ပြောကြားပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးကျင်စိုး(မောင် လှိုင်းသစ် -ချစ်စရာမြေ)က ဝတ္ထု တို ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် ပတ် သက်၍ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စာရေး ဆရာအသင်း၏ ဝတ္ထုတိုပြိုင်ပွဲဆု ချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆုကို မဣနြေ္ဒချစ်ဆု(ပုသိမ်တက္ကသိုလ်) က လည်းကောင်း၊ ဒုတိယဆုကို မနှင်းပွင့်ဖြူ (မြောင်းမြပညာရေး ကောလိပ်)ကလည်းကောင်း၊တတိယ ဆုကို မောင်ဖြိုးကိုကို (မြောင်းမြ စိုက်ပျိုးရေးသိပ္ပံ)ကလည်းကောင်း၊ နှစ်သိမ့်ဆုကို မဝင်းမြတ်သူ(အဝေး သင်တက္ကသိုလ်)ကလည်းကောင်း ဆုများအသီးသီး ရရှိခဲ့ကြကာ တာဝန်ရှိသူများက ဆုများပေးအပ် ခဲ့ကြသည်။
မြန်မာစာအရေးအသား ဖွံ့ဖြိုး တိုးတက်ရေးနှင့်တက်သစ်စလူငယ် စာရေးဆရာများ ပေါ်ထွန်းရန် ရည် ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကဗျာ ရေးဖွဲ့ပြိုင်ပွဲ၊ ဆောင်းပါးရေး ပြိုင် ပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးကျင်စိုး (မောင် လှိုင်းသစ်-ချစ်စရာမြေ)က ပြော ကြားခဲ့သည်။