images
UN
UN
၂ဝ၁၈ ခုနှစ် ဘက်စုံပညာရေး စွမ်းရည်ပြိုင်ပွဲပြုလုပ်
အောင်စိုးဖေ(မြင်းမူ) Thursday, 06 December 2018
၂ဝ၁၈ ခုနှစ် ဘက်စုံပညာရေးစွမ်းရည်ပြိုင်ပွဲ တတိယနေ့အဖြစ် ယနေ့တွင် စစ်ကိုင်းခရိုင် မြင်းမူမြို့အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)တွင် ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဘက်စုံပညာရေးစွမ်းရည်ပြိုင်ပွဲကို မြင်းမူမြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများမှ ဒသမတန်း၊ အဋ္ဌမတန်းနှင့် မူလတန်းကျောင်း များမှ ထူးချွန်ကျောင်းသားကျောင်းသူများပါဝင်ယှဉ်ပြိုင်လျက်ရှိကြ ပြီး ဒီဇင်ဘာ၁၂ရက်ထိကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး ဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးမြင့်လွင်ထံမှ သိရသည်။ ယခုကျင်းပလျက်ရှိသော ဘက်စုံထူးချွန်စွမ်းရည်ပြိုင်ပွဲသို့ မြို့နယ် အတွင်းမှ ဒသမတန်းအဆင့်ကျောင်းသားကျောင်းသူ ၉၉ ဦး၊ အဋ္ဌမတန်းအဆင့်တွင် ၁၆၂ ဦးနှင့်စတုတ္ထတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၃၄ဦးစုစုပေါင်း ကျောင်းသားကျောင်းသူ ၄၉၉ ဦးရှိ ဖြေဆိုစာရင်းများအရ သိရသည်။
ယခုပြုလုပ်လျက်ရှိသောဘက်စုံစွမ်းရည်ပြိုင်ပွဲမှ တန်းစဉ်အလိုက် ပထမ၊ဒုတိယနှင့်တတိယဆုရရှိသူများကို စနစ်တကျရွေးချယ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ဘက်စုံပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။