images
UN
UN
ကျိုင်းတုံမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းဖွင့်
မင်းမြင့်မိုရ်(ငါန်းဇွန်) Thursday, 06 December 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းပေါ်ထွန်းစေ ရေး အခြေခံစက်ချုပ်သင်တန်းဖွင့် ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ သည်။
အခြေခံစက်ချုပ်သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းဖွင့်ပွဲကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဝဏ္ဏစိုးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေးမှူးဦးတင်မြင့်တို့ တက် ရောက်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကာလမှာ ယမန်နေ့မှစတင်ကာနည်းပြဆရာမ နှစ်ဦးက တစ်လကြာ သင်ကြား ပို့ချမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူဦးရေ ၂ဝ တက်ရောက်ကြကြောင်း၊ သင် တန်းဖွင့်ပွဲသို့ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲခေါင်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများလည်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။