images
UN
UN
ဆိုက်ပရပ်စ်ရှိ ဗြိတိန်စစ်သည်များကို မင်းသားဝီလျံနှင့်ကြင်ယာတော်ကိတ်တို့ ကျေးဇူးတင်စကားပြောကြား
KK(IR) Thursday, 06 December 2018
ဗြိတိန်မင်းသား ဝီလျံနှင့်ဇနီးကိတ်တို့သည် ပျော်ပွဲသဘင် ကျင်းပမည့် အစောပိုင်းကာလတွင် ¤င်းတို့၏ပါဝင်လုပ်ဆောင်မှု များအတွက် ကျေးဇူးတင်ကြောင်းပြသရန် ဆိုက်ပရပ်စ်အခြေစိုက် ဗြိတိန်စစ်တပ်အမှုထမ်းများထံသို့ ယနေ့တွင် သွားရောက်လည်ပတ် ခဲ့ကြောင်း သိရသည်။ ဆိုက်ပရပ်စ်တောင်ဘက် ကမ်းရိုးတမ်းရှိ တော်ဝင်လေတပ် အခရိုတီရိသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဝီလျံနှင့်ကိတ်တို့သည် အမှုထမ်းများ၊ မိသားစုများနှင့်ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
¤င်းတို့၏ အနစ်နာခံမှုကိုအသိအမှတ်ပြုပြီး ¤င်းတို့၏လုပ်ရပ် အတွက် အလွန်ချီးကျူးပါကြောင်း၊ ၄င်းတို့၏မိသားစု နေ့စဉ်ဘဝ များနှင့်အတူ လုပ်ငန်းတာဝန် ကတိကဝတ်များအကြား ဟန်ချက်ညီ မျှစွာလုပ်ဆောင်နေသည်ကို သိရှိခံစားရကြောင်း ဝီလျံကစစ်သည် တော်များအား ပြောကြားခဲ့သည်ဟုသိရသည်။ ယမန်နေ့က လန်ဒန်၌ မိသားစုဝင်များပေးလိုက်သည့် ခရစ္စမတ်လက်ဆောင်များကို ဝီလျံ နှင့်ကိတ်တို့က ¤င်းတို့အားပေးအပ်ခဲ့ကြောင်းလည်း ကန်ဆင်တန် နန်းတော်ကဖော်ပြခဲ့ကြောင်း ¤င်း၏တရားဝင်တွစ်တာအကောင့်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။
၎င်းတို့သည် ၄င်းတို့၏တာဝန်ဝတ္တရားများကို ပထမဦးစား ပေးထားကြကြောင်း၊ ¤င်းတို့၏မိသားစုများသည်လည်း ထို အတိုင်းပင်ဖြစ်ကြောင်း ယူကေရှိဇနီးများ၊ ခင်ပွန်းများ၊ ကလေးများ နှင့် သူငယ်ချင်းများအတွက် မလွယ်ကူကြောင်း၊ ၄င်းတို့နှင့် ကန်ဆင် တန်နန်းတော်တွင် ယမန်နေ့ကကျင်းပသည့် ပါတီပွဲတွင်တွေ့ဆုံခဲ့ရ ကြောင်း၊ အိမ်သို့ပြန်နိုင်သည့်လူတစ်ဦးချင်း၏ကိုယ်စား ¤င်းအနေ ဖြင့် ကျေးဇူးတင်စကားပြောလိုကြောင်း ဝီလျံကဆိုသည်။ ဗြိတိန်တွင် အရှေ့အလယ်ပိုင်းကျွန်းတွင် အခြေစိုက်ထားသည့် စစ်တပ်နှစ်တပ် ရှိကြောင်း သိရသည်။ Ref: Reuters