images
UN
UN
ထရန့်နှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း မက္ကဆီကိုခေါင်းဆောင်သစ်ပြောကြား
KK (IR) Thursday, 06 December 2018

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် ဆက်ဆံရေးကောင်းမွန် ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များ အကြောင်းလည်း မကြာခင်တွင် သေချာဆွေးနွေး မည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ အသစ် အန်ဒရက်စ်မန်နောလိုပက် အိုဘရာဒါက ယမန်နေ့တွင် ပြော ကြားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လက အမေရိကန် နယ်စပ်တွင် အမေရိကန်အလယ် ပိုင်းရွှေ့ပြောင်းသူ ၇ဝဝဝခန့် အုပ်စု ဖွဲ့စခန်းချပြီးကတည်းက မက္ကဆီ ကိုသမ္မတအနေဖြင့် ထရန့်နှင့် ပဋိပက္ခအခြေအနေဖြစ်မည်ဟု လေ့လာဆန်းစစ်သူများက ထင်မြင် နေကြသည်။
သို့သော်အလယ်ပိုင်းအမေရိက နှင့် မက္ကဆီကိုတောင်ပိုင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ဖွံ့ဖြိုးရေးအထောက် အပံ့များပေးအပ်ရန် နှစ်ဖက်စလုံး အနေဖြင့် သဘောတူညီမှုရနိုင် သည်ဟု လိုပက်အိုဘရာဒါကဆို သည်။ မက္ကဆီကို နိုင်ငံခြားဆက် ဆံရေးဝန်ကြီး မာဆယ်လိုအဘ ရက်သည် ယင်းအရေးကိစ္စအား ဆွေးနွေးရန်အတွက် ဝါရှင်တန်သို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ရွှေ့ပြောင်းသူများ အား အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံမှုနှင့်ပတ်သက်ပြီးမက္ကဆီ ကိုအနေဖြင့် သဘောတူညီမှုရှိမရှိ မေးမြန်းခြင်းကို ¤င်းကဖြေကြား ခြင်းမရှိကြောင်း အမေရိကန်အစိုးရ အရာရှိများက သတင်းများတွင် ဖော်ပြခဲ့သည်ဟုသိရသည်။
Ref:Reuters