images
UN
UN
မိုးကောင်းမြို့တွင် World AIDS Day အထိမ်းအမှတ် လူထုလှုပ်ရှားမှု အသိပညာပေး
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 06 December 2018
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နှစ်စဉ် ဒီဇင်ဘာ ၁ရက်၌ ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးနေ(World AIDS Day) အထိမ်းအမှတ်အဖြစ် ဒေသခံများ စုပေါင်း၍ အသိပညာပေးဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈နာရီက မိုးကောင်းမြို့ စည်ပင်သာယာဈေးပတ်လမ်းတွင် ဆောင် ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းဆောင်ရွက်ရာတွင် ဒေသခံများက ၂ဝ၁၈ခုနှစ်World AIDS Day ဆောင်ပုဒ်ဖြစ်သည့်HIV ပိုးရှိ/မရှိ မိမိကစ သွေးစစ်ကြည့် (Know Your Statut) ပိုစတာစိုက်ထူကာ ဒေသခံ ပြည်သူများအား အသိပေးခြင်း၊ မေးခွန်းများမေး၍ ဆုလက်ဆောင် များပေးခြင်းဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများက စိတ်ပါဝင် စားစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါလူထုလှုပ်ရှားမှုတွင် မေတ္တာဖောင်ဒေးရှင်းမှဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ မိုးကောင်းမြို့ပေါ်ရှိ ရပ်ကွက် ၁ဝ ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။