images
UN
UN
ပြောဆိုမှုစွမ်းရည်မြင့်မားစေရန် ကျပန်းစကားပြိုင်ပွဲပြုလုပ်
Thursday, 06 December 2018
ကျောက်ဆည်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်းသားကျောင်း သူများ အတွေးအခေါ်မြင့်မားစေရန်နှင့် ပြောဆိုမှုစွမ်းရည်မြင့်မား စေရန်ရည်ရွယ်ပြီး အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အခြေခံကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲမစတင်မီ ခရိုင်ဦးစီးအရာရှိ ဒေါ်ကျော့မြတ်ခိုင်က ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးပုံပေးနည်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့ရာ ပထမဆုရရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဟိန်းဝေ ကျော်၊ ဒုတိယဆုရရှိသော မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ မအိမ့်မွန်ချစ်၊ တတိယဆုရရှိသော အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ မဇူးဇူးဇင်တို့အား ဦးစီးအရာရှိဒေါ်ကျော့မြတ်ခိုင်၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်စောလွင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ကြသည့်အပြင် ပြိုင်ပွဲဝင်သူအားလုံးအား အမှတ်တရပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။