images
UN
UN
ခန္တီးပြည်သူ့ဆေးရုံ သံဃာ့ဆေးကုသဆောင်သစ်ဖွင့်
စနေမောင်မောင် Thursday, 06 December 2018
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး ခရိုင်၌ မန္တလေးမြို့နေ ဦးတင်ရွှေ နှင့်ဇနီးဒေါ်မိုးမိုးတို့၏သား မောင် စိုင်းအောင်နိုင်မြင့်(အောင်ပွင့်ကောင်း ကျောက်မျက်ကုမ္ပဏီ) မိသားစုမှ ခန္တီးပြည်သူ့ဆေးရုံကြီးတွင်ဆောက် လုပ်လှူဒါန်းသော သံဃာဆေး ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၈နာရီက အဆိုပါ သံဃာဆေးကုသဆောင်ရှေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ဗျူဟာ မှူးကြီး ဗိုလ်မှူးကြီး မင်းမင်းဦး နှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးခင်မောင်ဆင့်၊ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာလေးဖြူပြာ အောင်နှင့်မြို့မိမြို့ဖများက သံဃာ ဆေးကုသဆောင်သစ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သံဃာဆေးကုသ ဆောင်သစ်ကို အလျားပေ ၃ဝ ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေနှင့်RC တစ်ထပ်တိုက်ကို ကျပ်သိန်း ပေါင်း ၂ဝဝ ကျော်ဖြင့် မန္တလေးမြို့ နေ(အောင်ကောင်းပွင့် ကျောက် မျက်ကုမ္ပဏီ)မိသားစုမှ ဆောက် လုပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ သံဃာဆေးကုသ ဆောင်သစ်အား ခန္တီးပြည်သူ့ဆေးရုံ သို့ အလှူရှင်မှလွှဲပြောင်းပေးအပ်ခဲ့ သည်။ ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာလေးဖြူပြာအောင်က အလှူရှင်အား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့ကြောင်း သိရသည်။