images
UN
UN
မဟာမေတ္တာဖောင်ဒေးရှင်းဇီဝိတဒါနအခမဲ့ဆေးခန်းဖွင့်
ကျော်လှ(သမာဓိ) Thursday, 06 December 2018
တောင်ငူမြို့ မဟာမေတ္တာ ဖောင်ဒေးရှင်းမှဦးစီး၍ တောင်ငူ ဒေသနှင့်ပတ်ဝန်းကျင်ရှိ ရဟန်း ရှင်လူ၊ လူမျိုးပေါင်းစုံတို့အား မေတ္တာစေတနာအလေးထားကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးနိုင်ရန်အတွက် မဟာမေတ္တာဇီဝိတဒါန(အခမဲ့) ဆေးခန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်ငူမြို့ ဘိုးဘွား ရိပ်သာဝင်းအတွင်းရှိ အဆိုပါ အဆောက်အအုံရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ အလှူငွေပေး အပ်ပွဲ အခမ်းအနားကျင်းပရာ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မဟာမေတ္တာ ဖောင်ဒေးရှင်းနာယက ဦးမြင့်ညို (အမေ့အိမ်)တို့ကအဖွင့်အမှာစကား ပြောကြား၍ ဖောင်ဒေးရှင်းအတွင်း ရေးမှူးဦးသိန်းထိုက်အေးက အခမဲ့ ဆေးခန်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားပြီး ဆေးဝါးကုသ ရေးနှင့် ပတ်သက်ပြီး ဒေါက်တာ အောင်ကျော်မင်းက ကုသရေး အတွက် ဆောင်ရွက်ထားရှိမှုများ အား တင်ပြဆွေးနွေးကြပြီး အလှူ ရှင်အသီးသီးက အလှူငွေများပေး အပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဖောင်ဒေးရှင်းတာဝန် ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့် ခဲ့သည်။
အဆိုပါအခမဲ့ဆေးခန်းကို အင်္ဂါ၊ ကြာသပတေးနေ့များတွင် တစ်ပတ်လျှင် နှစ်ရက်ဖွင့်လှစ် ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။
ဆေးခန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး သတင်းစာ ဆရာအသင်းနာယက ဦးကျော်လှ (သမာဓိ)၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မဟာမေတ္တာဖောင်ဒေးရှင်းနာယက များ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ ဝင်များ၊ အလှူရှင်မိသားစုများနှင့် ဧည့်သည်တော်များတက်ရောက် ကြကြောင်း သိရသည်။