images
UN
UN
အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အပ်ချုပ်စက်သင်တန်းဖွင့်လှစ်သင်ကြား
လင်းလင်း(ရေဖြူ) Thursday, 06 December 2018
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်နှင့် မိသားစုဝင် တစ်ဦးချင်းဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အပ်ချုပ်စက်နှစ်လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီခွဲကထောင်ခမက်ကျေးရွာ အုပ်စုချောင်းကရှက်ကျေးရွာရှိဘုန်း တော်ကြီးကျောင်း၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားပြီးဘုတ်ပြင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးမောင်မောင်နှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘဌေးတို့က တက်ရောက်လာ ကြသူများအား မိတ်ဆက်စကား အသီးသီးပြောကြားသည်။
ပြီးနောက် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်း ဝင်းလတ်က ''ယခုလို သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြင့် ကျေးလက် ဒေသတွင် နေထိုင်ကြသော အမျိုး သမီးငယ်များ၏ အသက်မွေးဝမ်း ကျောင်းအတွက် တစ်ဖက်တစ် လမ်းမှ ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝအလုပ်အကိုင်အခွင့် အလမ်းများအတွက် အထောက် အကူပြုမည်ဖြစ်ကြောင်းနှင့် ကျေး လက်အမျိုးသမီးငယ်များ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ပေးရာရောက် မည်ဖြစ်ကြောင်း စသည့်သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဘုတ် ပြင်းမြို့နယ် ချောင်းကရှက်ကျေး ရွာမှ သင်တန်းသူ ၁၅ ဦးတို့အား သင်တန်းနည်းပြဆရာမနှစ်ဦးတို့က အင်္ကျီ၊ ထဘီ၊ စကက်၊ ဘောင်းဘီ အစရှိသည့် ပညာရပ်များကို နှစ်လ ကြာ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။