images
UN
UN
နောင်တဟုအမည်ပေးသည့်တေးသီချင်းခွေထွက်ရှိမည့် ထူးအယ်လင်း
ဒဂုံဝေလင်း Thursday, 06 December 2018
ပရိသတ်အတွက်ဂီတနဲ့ပတ်သက်ပြီး အနည်းငယ်အလှမ်းဝေးနေတဲ့ အဆိုတော် ထူးအယ်လင်းတစ်ယောက် မကြာသေးမီ က ရုံတင်ပြသခဲ့တဲ့ "Special 9" ရုပ် ရှင်ဇာတ်ကားကြီးတွင်ဂိုဏ်းစတား တစ် ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပရိသတ်များရဲ့ ထင်ကြေးပေးမှု တွေခံနေခဲ့ရပါတယ်။ ဂီတဘက်မှာမရှိ တော့ဘဲသရုပ်ဆောင်အဖြစ်နဲ့ပဲရပ်တည် နေတော့မလားဆိုပြီး ဖြစ်ပေါ်နေတဲ့အချိန် ထူးအယ်လင်းကမကြာမီ ''နောင်တ''ဟု အမည်ရတဲ့ တေးစီးရီးကိုပရိသတ်ထံ အရောက်ပို့ဆောင်ပေးတော့မယ်ဟုသိရပြီး လက်ရှိဂီတလောကအပေါ်နဲ့ ပြောင်းလဲ နေတဲ့ခေတ်ရေစီးကြောင်းအပေါ်သူ့ရဲ့အမြင် လေးတွေကိုလည်းမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး ။ ။ အခုခေတ်က ပရိသတ်သိ အောင်လုပ်ရတာပိုလွယ်တယ်လို့ အစ်ကို မြင်လား။
ဖြေ ။ ။ ပြောချင်တာကကွာ အရည် အချင်းနဲ့အရေအတွက်နဲ့က ကွာပါတယ်။ နောက်ပြီးတော့ ပြိုင်ဆိုင်တယ်ဆိုတာက အရေအတွက်တွေ အဲ့ဒါ ပါရမီတွေ မဟုတ်ဘူး။ ပါရမီသမားတွေက ကျတော့ ပြိုင်ဆိုင်စရာမလိုဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်နေရင်းကြိုးစားနေရင်းနဲ့မှအောင် မြင်သွားတယ်ဒါမျိုးတွေ ရှိတာပေါ့''
မေး ။ ။ အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ် ဖို့ မစဉ်းစားမိဘူးလား။
ဖြေ။ ။ ''ကမ်းလှမ်းခဲ့ရင်တော့ အမှန်အတိုင်းပြောရမယ်ဆိုရင် စဉ်းစားဦး မယ်။ ကြိုက်ဈေးရရင်လုပ်မယ်။ ကြိုက် ဈေးမရရင်မလုပ်ဘူး။ သူတို့လည်းပိုက်ဆံ နဲ့အလုပ်လုပ်နေတာ ချမ်းသာသွားတာက ဖုန်းCompany တွေချမ်း သာသွားတာ လေကလေးတွေလည်း အဆင်ပြေတော့ ပြေပါတယ်။ ဒီလောကမှာ နင်လားငါ လားပေါက်လာခဲ့တဲ့ ပြိုင်ပွဲဝင်လို့ ပေါက် လာခဲ့တာ ချမ်းချမ်းတို့ရှိတယ်။ နီနီခင်ဇော် တို့ရှိတယ်ကွာ။ ဒီကလေးမလေးတွေက ပါရမီရှင်တွေပါပဲ။ တကယ်တော်တဲ့ ကလေးတွေသူတို့ကိုယ်တိုင်လည်းတကယ် ရင်ဘတ်နဲ့ရင်းပြီးအလုပ်လုပ်တာ မဆိုးဘူး လေ။ ဒါပေမဲ့ အယောက် ၁ဝဝ မှာ သုံးယောက်လောက်ပဲရှိမယ်ဆိုရင်ဘာလုပ် မှာလဲ။ချမ်းသာသွားတာ ဘယ်သူတွေ လည်းပရိသတ်တွေကတော့ ဘာမှမဟုတ် ဘူး။ တစ်ကျပ်တစ်ကျပ်နဲ့ လူပေါင်းသုံး သန်းလောက်က တစ်ကျပ်နဲ့ဆိုတော့ ပိုက်ဆံက ၃ သန်းရသွားပြီလေ။ပြောပြ တာဒါငွေကြေးအပိုင်းအခြားတွေ ပါပါ တယ်နော်။ကျွန်တော်တို့ပြောချင်တာက အရာရာတိုင်းကိုတော့ သိပ်ပြီးတော့ နွား မကျချင်ဘူး။ နွားကမှ မြင့်မြတ်သေး တယ်သိတယ်မို့လား။ချင်း မစိုက်ချင် ဘူး။အပင်မစိုက်ချင်ဘူး။ သိပ်မချဉ်ချင် ဘူး။ကိုယ်ကိုယ်တိုင်ချဉ်လို့လေ။ အရာရာ တိုင်းကို ဒိုင်တွေဘာတွေလုပ်တာတို့ ဘာ တို့ကို သိပ်အားမပေးဘူး။ ဟေ့ကောင် မင်းလုပ်သင့်တာကိုလုပ်လိုက်ဟေ့ကောင် မင်းလုပ်ပြီးသွားရင် မှားတာကိုမှားတယ် လို့မှတ် မှန်အောင်ကိုယ့်ဘာသာပြန်ပြင်။အဲ့ဒါမျိုးပဲကြိုက်တယ်။ ဒိုင်လုပ်တာတို့ ဘာတို့တွေမကြိုက်ဘူး ဒိုင်လုပ်တဲ့သူတွေ ကလည်း အကုန်ပိုက်ဆံရလို့ လုပ်တာ အလကား ဘယ်ကောင်မှ မလုပ်ဘူး''