images
UN
UN
မင်းသမီးဆိုတာနဲ့ ပရဟိတနဲ့လူသိတာ ပီတိချင်းကွာတယ်ဆိုတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ
သွန်းလေး Thursday, 06 December 2018
ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်သည့်အပြင် ပရဟိတမင်းသမီး တစ်ယောက်ဖြစ်သည့် ခိုင်နှင်းဝေ ကတော့ မင်းသမီးဆိုတဲ့စိတ်နဲ့လူသိ တာနဲ့ ပရဟိတနဲ့လူသိတာနဲ့ခံယူ ချက်မှာပီတိချင်းကွာပါတယ် လို့ပြောပါတယ်။
၂ဝ၁၄ ခုနှစ်မှစ၍ ပရဟိတ လုပ်ငန်းတွေကိုလုပ်ကိုင်လာတဲ့ ခိုင်နှင်းဝေက ခိုင်နှင်းဝေပရဟိတ ဖောင်ဒေးရှင်းကိုတည်ထောင်၍ ပရဟိတလုပ်ငန်းပေါင်းများစွာကို တတ်နိုင်သလောက်လုပ်ကိုင်နေသူ လည်းဖြစ်ပါတယ်။
''မင်းသမီးလုပ်တာကျတော့ လောဘပါတယ်။ အတ္တပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မင်းသ မီးဆိုတာလေးရှိတယ်။ နောက် တစ်ခုက အောင်မြင်ချင်တယ်။ ကျော်ကြားချင်တယ်။ ပေါ်ပြူလာ ဖြစ်ချင်တယ်။ ဒါတွေစိတ်ပါ တယ်။ ငယ်ငယ်တုန်းကဆိုပို တောင်ဆိုးဦးမယ်။ နာမည်ကြီးချင် တဲ့စိတ်တွေနဲ့ ပိုကြိုးစားကြတယ်။လူသိများချင်တယ်။ လူသိပြီး တော့ ခိုင်နှင်းဝေဆိုပြီးလက်ခံလာ တဲ့အပေါ်မှာ ဘယ်ပဲသွားသွား ပရိသတ်ကကြည့်တဲ့အကြည့်ပေါ် မှာ ကိုယ်မင်းသမီးဆိုတဲ့စိတ် ကလေးဖြစ်တယ်။ ပရဟိတမှာ ဆိုတော့ အဲဒါတွေကပြောင်းပြန်ဖြစ် သွားတယ်။ မာန်တွေလည်းမရှိတော့ ဘူး။ ပရဟိတလုပ်တဲ့အတွက် ကြောင့် လူတိုင်းကိုကျေးဇူးတင် တတ်လာတယ်။ တွေ့ရင်မင်္ဂလာပါ လို့ နှုတ်ဆက်တတ်လာတယ်။ လက်အုပ်လေးချီတတ်လာတယ်။ပရိသတ်ကသိတဲ့ အသိပေါ်မှာ ပရဟိတလုပ်တဲ့ မင်းသမီးဆိုတဲ့ အပေါ်မှာ ပိုပြီးတော့ဂုဏ်ယူတတ် လာတယ်။ ပိုအေးချမ်းတယ်။အတ္တမရှိဘူးပေါ့။ အရင်တုန်းက အောင်မြင်ချင်တာတွေပါတယ်။အခုကျတော့ ပေးဆပ်ချင်တာပဲ ရှိတယ်။ ငွေရေးကြေးရေးကို ပြောတာမဟုတ်ပါဘူး။ အကယ် ၍တစ်ခုခုများအသွေးအသားလှူရ မယ်ဆိုရင်တောင် အစ်မလှူချင် တယ်။ အဲလိုမျိုး။ ဒါကပရဟိတ စိတ်ဓာတ်ပေါ့။ မင်းသမီးဆို တဲ့စိတ်နဲ့လူသိတာနဲ့ ပရဟိတနဲ့ လူသိတာနဲ့ခံယူချက်မှာ ပီတိချင်း ကွာတာပေါ့''ဟုပြောပါတယ်။
''တချို့ကျတော့လည်းအမျိုး သမီး ဦးဆောင်နေတယ်ဆိုတော့ လည်းအထင်သေးတာတွေရှိတယ်။ အဲဒါမျိုးတွေအများကြီးသည်းခံရ တယ်။ သူများကိုအစ်မပေးဆပ်ဖို့ အတွက်ကိုသည်းခံလိုက်ရတဲ့အတွက် အစ်မကျေနပ်ပါတယ်။ ဒီရဲ့စေတ နာရောင်ပြန်ကလည်း ရလာမှာပါ။ အကယ်၍များတစ်နေရာကို သွား လှူဖို့အတွက် အစ်မမှာအခက် အခဲရှိတယ်။ ငွေရေးကြေးရေး မ ပြည့်စုံဘူးပဲထားပါတော့။ ဒီနေရာ ကိုအစ်မလှူချင်တယ်။ သူများကို အကူအညီတောင်းရတယ်။ အလှူခံ ရတယ်။ အဲဒီအခါမှာ သူများတကာ ရဲ့ ငြိုငြင်တာတွေလည်း အစ်မ ဂရုမစိုက်နိုင်ဘူး။ ဒီလူတစ်ယောက် ကို အဆင်ပြေသွားစေဖို့အတွက် အစ်မရဲ့အရင်တုန်းက ထားခဲ့တဲ့ စိတ်တွေ၊ မာန်တွေ၊ မာနတွေ အကုန် ချိုးဖျက်ပစ်နိုင်တယ်ဆိုတာ ပရဟိတပါပဲ''လို့ ပြောပြခဲ့ပါ တယ်။