images
UN
UN
မင်းသွေးက ကာရိုက်တာကို အရမ်းစိတ်ဝင်စားတယ်လို့ နေတိုး ပြော
ရွှေရောင် Thursday, 06 December 2018
ညီဖြစ်သူမင်းသွေး အဓိက ပါဝင်ရိုက်ကူးထားသည့် သတ် ကွင်း ရုပ်ရှင်ဇာတ်ကားကြီး စာနယ် ဇင်းမိတ်ဆက်ပွဲတွင် မင်းသွေးက ရုပ်ရှင်ရိုက်တဲ့အချိန်မှာရောအပြင်မှာ ရော ကာရိုက်တာကို အရမ်းစိတ် ဝင်စားတယ်လို့ ညီဖြစ်သူနှင့် ပတ် သက်ပြီး နေတိုးကပြောခဲ့သည်။
''ဒီဇာတ်ကားကသူပါဝင်ပတ် သက်မှုတော်တော်များပါတယ်။ အခြားကားတွေဆို သူသရုပ် ဆောင်ပိုင်းကိုပဲ လုပ်ဖြစ်တယ်။ မုန်းစွဲ ဆိုရင်တောင် သူ့ကာရိုက် တာတစ်ခုကိုပဲ အမြဲတမ်းစိတ်ထဲမှာ ထည့်ထားတယ်။ ဒေသခံတွေက တောင် မပြုံးပြလို့မာနကြီးတယ် လို့ အပြောခံခဲ့ရတယ်။ အရှင်းဆုံး ပြောရရင် ကာရိုက်တာကို ရုပ်ရှင် ရိုက်နေတဲ့ချိန်မှာရော အပြင်မှာ နေတဲ့အချိန်တွေမှာပါ အရမ်းစိတ် ဝင်စားမှုရှိတဲ့အတွက် မုန်းစွဲနဲ့သူ့ အနုပညာတာဝန်ကို နိုဝင်ဘာထဲမှာ တာဝန်ကျေခဲ့တယ်''ဟုပြောခဲ့သည်။
သရုပ်ဆောင်မင်းသွေး ကွယ် လွန်ခဲ့သည်မှာ နှစ်လကျော် ခဲ့ပြီဖြစ်ရာ မင်းသွေးကွယ်လွန် သည့် နှစ်လပြည့်နေ့ ဒီဇင်ဘာ ၃ ရက်တွင် သတ်ကွင်းရုပ်ရှင်ကား စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပရိသတ်များသို့ မင်းသွေး က နိုဝင်ဘာလတွင် မုန်းစွဲကားဖြင့် အနုပညာတာဝန်ကျေခဲ့ပြီး ဒီဇင် ဘာလတွင် သတ်ကွင်းကားဖြင့် တာဝန်ကျေမည်ဟု နေတိုးက ပြောခဲ့သည်။