images
UN
UN
သည်းထိတ်ရင်ဖိုဇာတ်လမ်းများပါဝင်မည့် 'ပုံရိပ်' ကန်တော့ပွဲပြုလုပ်ပေး
အဖြူရောင် Thursday, 06 December 2018
သည်းထိတ်ရင်ဖိုဇာတ်လမ်း များပါဝင်ရိုက်ကူးမည့် ပုံရိပ်ရုပ်ရှင် ကားကန်တော့ပွဲကို ရွှေတိဂုံဘုရား အောင်မြေ၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။ ''ဇာတ်လမ်းက သည်းထိတ်ရင်ဖိုဆန်ဆန်လေးပေါ့။အထဲမှာရသကအချစ်ပါမယ်။မိသားစု ပြဿနာလေးတွေလည်း ပါမယ်။ သူငယ်ချင်းသုံးယောက်ရှိတယ်။ ဇာတ်လမ်းအစမှာ ကျော်ကျော်ဗို ညီမကဆုံးသွားတယ်။ အဲဒါနဲ့ ဇာတ်လမ်းစတယ်။ လူသတ်မှုနဲ့ သေတာလား၊ ရိုးရိုးလား တစ်ခုခု ပေါ့နော်။ အဲလိုမျိုးလေး စိတ်ဝင် စားအောင်လုပ်ထားတယ်''ဟု ဇာတ်ညွှန်းနှင့်ဒါရိုက်တာမချိုဝတ် ရည်ကပြောပါတယ်။
သရုပ်ဆောင်ကျော်ကျော်ဗို၊ အလင်းရောင်၊မေ၊ရဲမွန်၊အကယ်ဒမီ ခင်မို့မို့အေးနှင့်အခြားအနုပညာရှင် များပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ချိုဝတ် ရည်ရိုက်ကူးမည့် ပုံရိပ်ရုပ်ရှင်ဇာတ် ကားကို ဒီဇင်ဘာလအတွင်း ရိုက် ကူးသွားမှာဖြစ်ပါတယ်။