images
UN
UN
ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဟောပြောပွဲ ဒေးဒရဲမြို့၌ကျင်းပ
ရွှေဒေးသူ Thursday, 06 December 2018
ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံးခန်းမ ၌ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဟောပြော ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်စန္ဒာအောင်က ကိုယ်ဝန်ဆောင်မိခင်များကလေးမွေးဖွားမှု ဆိုင်ရာနှင့် ကလေးသူငယ်များပြုစုပျိုးထောင်ရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စိန်စိန်မြိုင်က ကိုယ်ဝန်ဆောင်အမျိုးသမီးများကျန်းမာရေးနှင့် ကလေးသူငယ်များ နေထိုင်စားသောက်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ရာတက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ကိုယ်ဝန်ဆောင်သည်များ တက် ရောက်ခဲ့ကြပြီး အာဟာရအဖြစ် ကြက်ဥများလှူဒါန်းခဲ့ကြကြောင်း သိရသည်။