images
UN
UN
ရွေ့လျားစာကြည့်တိုက်အရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်
သန့်ဇော် Thursday, 06 December 2018
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ရှန်တီစေတနာ့ဝန်ထမ်း(SVA)တို့ ပူးပေါင်းဆောင်ရွက်သော ရွေ့ လျားစာကြည့်တိုက်အရှိန်မြှင့်တင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အမက ကျွဲသတ်ကြီးကျောင်းတွင် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့် တိုက်မှူး ဒေါ်နွယ်ဦးခင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်စာကြည့်တိုက်ဝန်ဆောင် မှုအကြောင်းအသိပညာပေးဟောပြောခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်း၊စက္ကူပြဇာတ်ပြသ ခြင်း၊ရုပ်သံကျွမ်းကျင်(၃)ဒေါ်သီတာအောင် ကရုပ်ပြပုံပြင်များပြသခြင်းလုပ်ငန်းကိုကွင်း ဆင်းဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ပြီးစာအုပ်မျိုးစုံ၁၁၃ အုပ်ပါ စာအုပ်ပုံးတစ်ပုံးကို တစ်လကြာ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။