images
UN
UN
ဝန်းသိုမြို့နယ်အထက ကျောင်းသားကျောင်းသူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြော
ကျော်မြိုင်(အင်းတော်) Thursday, 06 December 2018
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဝန်းသိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို) မြတ်ဆရာခန်းမ၌ ကျောင်းသား ကျောင်းသူများ လျှပ်စစ်နှင့်ပတ် သက်၍ ရင်းနှီးကျွမ်းဝင်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၁ဝနာရီခွဲ က ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ် စစ်ဆေးရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးထွန်း အောင်ကျော်နှင့် ဌာနခွဲမှူးဦးသက် ဇော်ဦးတို့က မြို့နယ်အတွင်းရှိ ဓာတ်အားလိုင်းကြိုးများ သွယ် တန်းထားရှိမှုနှင့်အိမ်သုံးလျှပ်စစ် ဆားဗစ်ဝိုင်ယာကြိုးများ တပ်ဆင် ထားရှိမှုအခြေအနေ၊ လျှပ်စစ် ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာ တွင် လိုက်နာရမည့်အချက်များနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဆောင်ရန်ရှောင်ရန် နည်းလမ်းများ၊ ဓာတ်လိုက်မှု အန္တရာယ်ဖြစ်စဉ် မှတ်တမ်းပုံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသခဲ့ပြီး မြို့နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် သတိပေးလက်ကမ်းစာစောင်များ ကိုကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်နှင့်တာဝန်ရှိ သူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးနေမျိုးထွန်း၊ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇေယျနှင့် ဝန်ထမ်းများ၊ အထက(ဝန်းသို) ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းခိုင်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။