images
UN
UN
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ပခုက္ကူခရိုင်ရုံးခန်းဖွင့်
ကိုတမာ Thursday, 06 December 2018
ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေး ငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းရုံးခန်းဖွင့်ပွဲ ကို ပခုက္ကူမြို့အမှတ်(၁၄)ရပ်ကွက် မြဧရာလမ်းတွင်ရုံးခန်းသစ်ကိုယမန် နေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရင်ခွင်မဲ့ကလေး ငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း နာယက ဦးကောသလ္လ(ပုလဲဖြူငါသရောက်) က အဖွင့်အမှာစကား ပြောကြား သည်။ ဆက်လက်၍ မကွေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်မြမြက အသင်းရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုရှင်းလင်းပြောကြား သည်။ မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချ ရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အသင်းအမှုဆောင်ဒေါက်တာအောင် မြင့်ဦးကကျေးဇူးတင်စကား ပြော ကြားသည်။
ပခုက္ကူခရိုင်ရင်ခွင်မဲ့ကလေးငယ် များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းသို့အလှူငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။အခမ်းအနား သို့တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြ ကြောင်းသိရသည်။