images
UN
UN
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုအတွက် ပြန်တောင်းပန်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရတောင်းဆို
NG Thursday, 06 December 2018
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဦးလွင်ဦးအား ဆင့်ခေါ် ကာ မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို ၏ ပြောကြားခဲ့မှုအချို့အတွက် ပြန်လည်တောင်းပန်ရန် တောင်း ဆိုခဲ့ကြောင်း bdnews 24 သတင်း ဌာနက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပင်လယ်ရေပြင် ရေးရာဆိုင်ရာ အမြဲတမ်းအတွင်း ဝန် ဦးလွင်ဦးဟာ ဆင့်ခေါ်ကာ သူရဦးအောင်ကိုပြောကြားခဲ့သည့် ပြောကြားမှုများသည် မွတ်စ လင်ဆန့်ကျင်ရေး သတင်းစကား များဖြန့်ချိသကဲ့သို့ဖြစ်ခဲ့သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ အပေါ် ထိခိုက်မှုဖြစ်စေခဲ့သော ကြောင့် တောင်းပန်မှုပြုလုပ်ရန် လိုလားကြောင်း ပြောကြားခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူရဦးအောင်ကိုပြောကြားခဲ့သော စကားလုံးများထဲမှ ဦးနှောက်ဆေး ခံထားရသည်ဆိုသော စကားလုံး မျိုးကိုပြင်းပြင်းထန်ထန်ကန့်ကွက် ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဌာနသည် သူရဦးအောင်ကို၏ ပြောကြားမှုများကို ပြင်းပြင်း ထန်ထန်ဆန့်ကျင်ရှုတ်ချသည်ဟု ရေးသားထားသော ကြေညာချက် ထုတ်ပြန်ခဲ့သည်။