images
UN
UN
ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး ကော့သောင်းမြို့တွင် ကွင်းဆင်းဆောင်ရွက်
ကျော်စိုး(ကော့သောင်း) Thursday, 06 December 2018
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် မဖြစ်ပွားစေရေး၊ယာဉ်မတော်တဆ မှုများ လျော့နည်းစေရေး၊ ယာဉ် ကြောင့် လူ့အသက်ခန္ဓာကိုယ်သေ ဆုံးဒဏ်ရာရမှုမရှိစေရေးအတွက် ယာဉ်စည်းကမ်းမလိုက်နာသည့် မော်တော်ဆိုင်ကယ်မောင်းနှင်သူ များအား ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပူး ပေါင်းပါဝင်သောအဖွဲ့ဖြင့် ယမန် နေ့ နံနက်ပိုင်းက ကွင်းဆင်းပညာ ပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ပြည်သူများ ယာဉ်မတော် တဆမဖြစ်စေရေး၊ ဆိုင်ကယ်စီး နင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာ မောင်းနှင်တတ်စေရေး မြို့အင်္ဂါရပ် နှင့်ညီညွတ်စေရေးအတွက် လူထု လှုပ်ရှားမှု အသွင်တစ်ရပ်အဖြစ် ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူ၊ ဆိုင်ကယ် သုံးယောက်စီးသူများအား ဥပဒေ နှင့်အညီ ပညာပေးဆောင်ရွက် ခြင်း၊ ယာဉ်စည်းကမ်းလိုက်နာမှု မရှိဘဲ ယာဉ်အသုံးပြု သွားလာ မောင်းနှင်နေသူများအားစည်းကမ်း တကျ ယာဉ်မောင်းနှင်တတ်စေရန် နှင့် စည်းကမ်းတကျသွားလာ မောင်းနှင်လျက်ရှိသော ပြည်သူ များအတွက် ဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများကို အပတ်စဉ် အချိန်/နေရာပြောင်း၍ ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာ မှုမရှိသော ယာဉ်အသုံးပြုသူများ အား ပညာပေးအရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။