images
UN
UN
မူးယစ်ဆေးထိုးသူ ရာခိုင်နှုန်း ၂ဝ ကျော်HIV ကူးစက်ခံရ
သူရကို Thursday, 06 December 2018
စစ်ကိုင်းတိုင်းအတွင်းHIVကိုယ်ခံစွမ်းအားကျဆင်းသောရောဂါ ကူးစက်ပျံ့နှံ့နေသည့်အကြောင်း ရင်းသည် သွေးကြောအတွင်းသို့ မူးယစ်ဆေးထိုးသွင်းနေခြင်းဖြစ် ကြောင်း တိုင်းအစိုးရ လူမှုဖူလုံရေး ဝန်ကြီးကပြောသည်။
မုံရွာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့AIDS နေ့ အခမ်းအနား၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
HIV ကူးစက်ခံရသူများ၏၂ဝ ဒသမ ၈ ရာခိုင်နှုန်းသည် မူးယစ် ဆေးထိုးရာမှ ကူးစက်ခံရခြင်းဖြစ် ကြောင်း၊ စစ်ကိုင်းမြို့ရှိ ဆေးပေး ခန်း ၁၄ခန်းမှHIV ဝေဒနာရှင် များအား မူးယစ်ဆေးအစားထိုး မက်သာဒုံးဆေးပြားများပေးဝေနေ ပြီး တိုင်းအစိုးရကလည်း ရွှေ့ ပြောင်းအလုပ်သမားများ၊ လူငယ် များနှင့် အကျဉ်းသမားများအား သွေးစစ်ဆေးပေးခြင်းဖြင့် ပညာ ပေးလုပ်ငန်းများဆောင်ရွက်နေ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်HIV ကူးစက် နှုန်းအများဆုံးရှိသောကချင်ပြည် နယ်၊ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းများ တွင်အရှိန်မြှင့်ဆောင်ရွက်နေပြီး အမေရိကန်ပြည်ထောင်စုဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီ USAIDက လည်းအဆိုပါ ပြည်နယ်နှင့်တိုင်း ငါးခုအတွင်း ၂ဝ၁၈-၂ဝ၁၉ ခုနှစ် အတွက် ဒေါ်လာ ၁ဝ သန်း ကူညီထားကြောင်းသိရသည်။
စာရင်းဇယားများအရ မြန်မာ နိုင်ငံတွင်HIVပိုးကူးစက်ခံရ သူပေါင်းနှစ်သိန်းခွဲနီးပါးရှိသည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ၌ကူးစက် နှုန်း အဆင့် ၂၅ ရှိနေကြောင်း သိရ သည်။