images
UN
UN
ရန်ကုန်-တိုက်ကြီးYBS 91 မီနီဘတ်စ်ယာဉ် ခရီးသည်ဆင်းရန်ရပ်ထားစဉ် နောက်မှဆိုင်ကယ်ဝင်တိုက်
ထွန်းလှိုင်(မြိုင်) Thursday, 06 December 2018
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်း၌ ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုက်ကြီးYBS 91 မီနီဘတ်စ် ယာဉ်ခရီးသည်ဆင်းရန်ရပ်ထားစဉ် နောက်မှဆိုင်ကယ်ဝင်တိုက်မိ၍ ဆိုင်ကယ်နောက်မှစီးသူ ပြင်းထန်စွာဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ကိုဝေ လင်းသူ (၃၂ နှစ်) လသာကုန်းကျေးရွာနေသူစီးနင်းလာသောJIM 110 ၅၉ယ/---- ခဲ၊ အနီရောင်ဆိုင်ကယ်သည် ရွာတန်းရှည်၊ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် ၄၇/၁ နှင့် ၄၇/၂ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ကားလမ်းယာဘက်ခြမ်း၌ လူအတင်အချပြုလုပ်ရန် ရပ်ထားသည့် ကိုဝဏ္ဏစိုး ရှမ်းတောကြီး ကျေးရွာနေသူ မောင်းနှင်သော ရန်ကုန်-တိုက်ကြီး ယာဉ်အမှတ် 2H/------မီဇူဘီရှီ YBS 91 မီနီဘတ်စ်ယာဉ်အား တိုက်မိသဖြင့် ဆိုင်ကယ်ယာဉ်မောင်း ဝေလင်းသူမှာ ဝဲချိုစောင်းလက်ပွန်းပဲ့ဒဏ်ရာ များရရှိပြီး ဆိုင်ကယ်ပေါ်ပါ ဒေါ်သန်းသန်းစိန် (၅၅ နှစ်) လသာ ကုန်းရွာနေသူမှာ ပါးစပ်၊ နှာခေါင်းသွေးထွက်၊ ခြေထောက်ဖူးရောင် ဒဏ်ရာများရရှိသဖြင့် တိုက်ကြီးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံ ကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ) တင်ပို့ကုသရကြောင်း သိရသည်။ထို့ကြောင့် ဆိုင်ကယ်ကိုမဆင်မခြင်မောင်းနှင်သူ ဝေလင်းသူအား တိုက်ကြီးမြို့မရဲစခန်းမှ (ပ)၄၂/၂ဝ၁၈၊ ဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။