images
UN
UN
ကော့ကရိတ်မြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ
စိုးထက်အောင် Thursday, 06 December 2018
ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူး စက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်း အနားကို ယမန်နေ့ နံနက် ၁ဝနာရီ က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကော့ကရိတ်ခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး ကော့ကရိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထိုက်ဦးက ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးတာဝန်ခံဒေါက် တာဆွေဆွေခိုင်က ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါ မပြန့်ပွားစေရေးတို့အတွက် ဆောင် ရွက်ရမည့်လုပ်ငန်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုလုပ်ငန်း များတွင်ခုခံအားကျဆင်းမှုရောဂါ မဖြစ်ပွားစေရေးတို့အတွက် ကာ ကွယ်ခြင်းလုပ်ငန်းများအားရှင်း လင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများ တွင် ဆုရရှိသောကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေး မှူး၊ ခရိုင်ကျန်းမာရေးဦးစီးမှူးနှင့် ကျေးလက်ဆေးခန်းများမှ သူနာပြု ဆရာမများ၊ ခရိုင်မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းအုပ်ဆရာဆရာမကြီးများ နှင့် ဆရာဆရာမများ၊ကျောင်းသား ကျောင်းသူများနှင့်ဖိတ်ကြားထား သည့်ဧည့်သည်တော်များတက်ရောက် အားပေးခဲ့ကြောင်း သိရသည်။