images
UN
UN
အင်းတော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် ဆိုင်ကယ်အား ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 06 December 2018
စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ်တွင် မူးယစ်ဆေးဝါး များသယ်ဆောင်လာသည့် ဆိုင် ကယ်တစ်စီးအား သတင်းအရ ဖမ်း ဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄နာရီခွဲက ကသာမြို့ မူးယစ်ဆေး ဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၆)မှတပ်ဖွဲ့ဝင်များသည်သက်သေ များနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွားကားလမ်း နန့်မကျိုင်းကျေးရွာသွားလမ်းဆုံ တွင် ကြိုတင်စောင့်ဆိုင်းနေစဉ် အင်းတော်မြို့မှ မင်းကိုဦးမောင်းနှင် ကာ နောက်တွင် အောင်ချမ်းလိုက် ပါလာသည့်YINXING-125ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရာ အောင်ချမ်းလွယ်ထားသည့် SHAMATE စာတန်းပါအနီရောင် ကျောပိုးအိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာခွက် ၄၄ ခွက်အတွင်း ကာလတန်ဖိုးငွေကျပ် ၄၈၄သိန်းရှိ ဘိန်းဖြူအမှုန့်အလေးချိန် ၄၈၄ ဂရမ်နှင့် အပြာရောင်ကပ်ခွာအိတ် အတွင်းမှ ငွေကျပ်သုံးသိန်းတန်ဖိုး ရှိ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား ၁ဝဝ ကို ရှာဖွေဖမ်းဆီးရမိပြီး ယင်းမူးယစ်ဆေးဝါးများမှာ ဇော် ထိုက်အောင် (ခ) ဖိုးဇော်ဆိုသူက သယ်ဆောင်ခိုင်းသည့် မူးယစ် ဆေးဝါးများဖြစ်ကာ ရှေ့မှကြို တင်ဆိုင်ကယ်ဖြင့် သွားရောက် ကြောင်း စစ်ဆေးခံထွက်ဆိုသဖြင့် ဖမ်းဆီးရမိသူနှစ်ဦးနှင့်အတူ သွား ရောက်ရှာဖွေရာ အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာနှင့် တုံးလုံကျေးရွာ လမ်းဆုံတွင် တွေ့ရှိဖမ်းဆီးရမိခဲ့ သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးများနှင့်အတူတွေ့ရှိသူ မင်းကို ဦး (၃၃နှစ်)၊အောင်ချမ်း(၃၃နှစ်)နှင့် မူးယစ်ဆေးဝါးများကို တစ်ဆင့်သယ် ဆောင်ခိုင်းသူ ဇော်ထိုက်အောင်(ခ) ဖိုးဇော်(၄ဝနှစ်) ထီးချိုင့်မြို့နယ် နေသူသုံးဦးအား အင်းတော်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။