images
UN
UN
ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့များမှ တပ်မတော်လုပ်ဆောင်ချက်များထောက်ခံ ပြင်ပစွက်ဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ဆန္ဒပြ
Thursday, 06 December 2018
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ကရင်ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ တပ်မတော်၏ ဆောင်ရွက်မှုများ ကို ထောက်ခံပြီး ပြင်ပစွက်ဖက်မှု များကိုဆန့်ကျင်ကြောင်း ဆန္ဒဖော် ထုတ်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ဘားအံမြို့ ကမ်းနားလမ်း ပြည်သာယာသင်္ဘောဆိပ်ဟောင်း အနီး၌ ကျင်းပခဲ့ကြောင်း သိရ သည်။ဆန္ဒဖော်ထုတ်ပွဲတွင် မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီးကံညွန့်(ငြိမ်း)၊ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်မှူးမြင့်သောင်း (ငြိမ်း)၊ ဘားအံမြို့နယ် စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးစိုးဝင်း(ငြိမ်း)၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ဖာပွန်၊ သံတောင်ကြီး မြို့နယ်တို့မှ စစ်မှုထမ်းဟောင်းများ နှင့် မိသားစုဝင်များ ၆ဝဝ ခန့်က တပ်မတော်ကို ထောက်ခံပွဲနှင့် ပြင်ပစွက်ဖက်မှုများကို ဆန့်ကျင် ကြောင်း ဆန္ဒဖော်ထုတ်ပွဲ စာသား ပါ ဗီနိုင်းများအား ချိတ်ဆွဲ၍ နိုင်ငံ တော်အလံ၊ တပ်မတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများ စိုက် ထူပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ဓာတ်ပုံများနှင့် မြန်မာ့တပ်မ တော်ကို အပြည့်အဝထောက်ခံ သည်။ တပ်မတော်အားချိုးနှိမ်မှု မှန်သမျှ တို့လုံးဝလက်မခံပါ။ မဆီ မဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေ ရေးကော်မရှင်၏ မမျှမတတစ်ဖက် သတ်အစီရင်ခံစာကို တို့လုံးဝလက် မခံ။ ပြည်သူကိုချစ်သော ပြည်သူ ကချစ်သောတပ်မတော် အောင်မြင် ပါစေ၊ တပ်မတော်စွမ်းမှတိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက် လုံးအစီရင်ခံစာ အလိုမရှိ စသည့် စာသားများ ရေးသားထားသော ဗီနိုင်းများအား ကိုင်ဆောင်ကာ ''ပြည်ထောင်စုမပြိုကွဲရေး- ဒို့ အရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး-ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင် မြဲရေး-ဒို့အရေး၊ ပြည်သူချစ်သော တပ်မတော်အောင်ရမည်'' စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြ ကြောင်း သိရသည်။