images
UN
UN
ကော့သောင်းနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်
Thursday, 06 December 2018
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ များတွင် သွားရောက်အလုပ် လုပ် ကိုင်လျက်ရှိသည့် မြန်မာအလုပ် သမား အမျိုးသား ၃၉ ဦးနှင့်အမျိုး သမီးခုနစ်ဦးပေါင်း ၄၆ ဦးတို့သည် ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ရေလမ်းခရီး ဖြင့် ကော့သောင်းနယ်စပ်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။အဆိုပါအလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ပြည်ပအလုပ်သမားများအား အထောက် အထားမပြည့်စုံသည့် အလုပ်သမားများ၊ အထောက်အထားလုံးဝ မရှိသည့် အလုပ်သမားများ၊ အလုပ်နေရာကွဲလွဲသည့် အလုပ်သမား များနှင့် ဗီဇာ၊ ပတ်(စ်)ပို့သက်တမ်းကုန်ဆုံးနေသည့် အလုပ်သမား များအား ထိုင်းနိုင်ငံအတွင်း အရှိန်မြှင့်အရေးယူလျက်ရှိရာ အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများဖြစ်ပြီး မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင် ဦးဆောင်ကာ ထိုင်း မြန်မာ၊ မြို့နယ်အဆင့် နယ်ခြားကော်မတီ၏ ကူညီမှုဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ ဒေသအာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်းပေး အပ်ခြင်းဖြစ်သည်။
နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများအား ကော့သောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ကြိုဆို လက်ခံကူညီကြပြီး ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့်ကျန်းမာ ရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက်လွှဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး ၄င်းတို့ထံမှ ငွေ ကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံ ပြေးများ၊ ငွေစက္ကူအတုများအား စိစစ်ရှာဖွေခြင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးပြီး ၄င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)