images
UN
UN
သီရိဓမ္မာသောကမင်း၏ ရှစ်သောင်းလေးထောင်သမိုင်း
မျိုးသက်နိုင် Friday, 07 December 2018
သီရိဓမ္မာသောကမင်း
သက္ကရာဇ်-၂၁၈ခုနှစ်တွင်ရာဇဘိသိက် ခံယူတော်မူ၏။ ညီတော်တိဿကုမာရ ကို အိမ်ရှေ့အရာပေးတော်မူ၏။ ရှေး ကောင်းမှုအာနုဘော်၊ အဘိသိက်၏ အာနု ဘော်ကြောင့် ဇမ္ဗူဒီပါကျွန်းပေါ်၌တစ်ပါး တည်းသော မင်းအဖြစ်သို့ ရောက်တော် မူလေ၏။
မြေအောက်သို့ တစ်ယူဇနာထွင်း၍ လည်းကောင်း၊ ကောင်းကင်သို့ တစ်ယူဇ နာတက်၍လည်းကောင်း အာဏာစက်ပျံ့ နှံ့၏။ သို့ဖြစ်၍ နတ်တို့သည် အနော ဝတတ်အိုင်မှ တစ်နေ့လျှင် ရှစ်ထမ်း(၁၆ အိုး)သောရေတို့ကို နေ့စဉ်ဆက်သရကုန် ၏။ ထိုရေအိုး ၁၆ လုံးတို့တွင် ရှစ်လုံး သောရေတို့ကို သံဃာတော်အား ကပ်လှူ သည်။ နှစ်လုံးသောရေတို့ကို ပိဋကတ် သုံးပုံဆောင် ရဟန်းတို့အား လှူတော်မူ သည်။ နှစ်လုံးသောရေအိုးတို့ကို အသန္ဓိ မိတ္တာ မိဖုရားကြီးအား ပေးတော်မူသည်။ နှစ်လုံးသောရေအိုးတို့ကို တစ်သောင်း ခြောက်ထောင်သော မောင်းမတို့အား ပေး တော်မူသည်။ နှစ်လုံးသောရေအိုးတို့ကို ကိုယ်တော် သုံးဆောင်တော်မူသည်။
ထိုမှတစ်ပါး ဟိမဝန္တာတောမှ နူးညံ့ သိမ်မွေ့စွာသော အရသာနှင့်ပြည့်စုံသော နာဂလတာမည်သော ကွမ်းရိုးဒန်ပူတို့ကို လည်းကောင်း၊ဆေးဖြင့်ပြီးသောသျှိသျှား သီးတို့ကိုလည်းကောင်း၊ အနံ့အရသာနှင့် ပြည့်စုံသော သရက်သီးမှည့်တို့ကို လည်း ကောင်း၊ ဆဒ္ဒန်အိုင်၏အနီး၌ဖြစ်သော ပဒေသာပင်မှ အဆင်းငါးပါးရှိသော ဝတ် စရာ၊ ရုံစရာအထည်နှင့် နူးညံ့သိမ်မွေ့ သော အပြောက်ရှိသော အပေါ်ရုံပုဆိုးတို့ ကိုလည်းကောင်း နတ်တို့သည် ပို့ဆက် လာကုန်၏။
နိဂြောဓသာမဏေ
တစ်နေ့သ၌ ခြင်္သေ့ခံအပ်သော လေ သာနန်းတံခါးကိုလှပ်၍ ကြည့်တော်မူ သော် လျှပ်ပေါ်သောဣနြေ္ဒနှင့် နေထိုင် စားသောက်ကြသော တိတ္ထိပရဗိုဇ်တို့ကို မြင်၍ ဤသူတို့၌ မြတ်သောတရားသည် မရှိရာ။ ပကတိသောလူတို့ကဲ့သို့ပင် တကား။ မြတ်သောအလှူခံတို့ကို ရှာကြံ ရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိသည် တကားဟု ကြံမိလေ၏။
ဤသို့အလှူခံမြတ်ကို ရှာဖွေနေစဉ် နိဂြောဓသာမဏေသည် နံနက်အခါဆရာ တို့၌ ပြုထိုက်သောဝတ်ကို ပြုခဲ့ပြီး၍ မယ်တော်အိမ်သို့ ဆွမ်းခံအံ့သောငှာ မြို့ ၏တောင်မျက်နှာမှဝင်လာ၍ အရှေ့မျက် နှာသို့ ရှေးရှုသွား၏။ မယ်တော်အိမ်ကား မြို့၏အရှေ့၌ရှိ၏။
ထိုအခါ သီရိဓမ္မာသောကမင်းကြီး သည် လေသာနန်းတံခါးဝ၌ရပ်၍ အရှေ့ အရပ်သို့မျှော်စဉ်မင်းရင်ပြင်သို့ ဖြတ်သန်း ၍လာသော နိဂြောဓသာမဏေကိုမြင် လျှင် မြင်ချင်း ချစ်ခြင်းမေတ္တာကြည်ညို သဒ္ဓါပွား၍ ဤသို့ဆင်ခြင်၏။ မြင်မြင် သမျှသော လူအပေါင်းက မတည်ကြည် သောနှလုံးရှိ၏။
တုန်လှုပ်လျှပ်ပေါ်သော ဣနြေ္ဒရှိ၏။ ကျီးမျက်နှာကဲ့သို့ဖြစ်ချေ၏။ ဤနန်းရင်ပြင်ပေါ်၌သွားသော သာမဏေ ငယ်မှာမူကား အလွန်တည်ကြည်သော ဣနြေ္ဒရှိ၏။ ဤသာမဏေငယ်၏ ကိုယ် တွင်း၌ မြတ်သောတရားသည် ရှိပေရာ၏ ဟု ကြံပြီးလျှင် အလွန်ချစ်ခင်ကြည်ညို သောစိတ်ရှိသည်ဖြစ်၏။ အဘယ့်ကြောင့် ဖြစ်သနည်းဟူမူကား ရှေးကောင်းမှုပြု ကြသောအခါ နိဂြောဓ သာမဏေသည် အစ်ကိုကြီး၊ ဒေဝါနံပီယ တိဿမင်း သည် ညီအလတ်၊ သီရိဓမ္မာသောကမင်း သည် ညီအထွေး ဖြစ်ခဲ့ဖူးသောကြောင့် မြင်မြင်ချင်းပင်လျှင် ကြင်နာစုံမက်ခြင်း ဖြစ်သတည်း။
ထို့ကြောင့်ပင် သီရိဓမ္မာသောကမင်း ကြီးလည်း နိဂြောဓသာမဏေအား မြတ်နိုး ခြင်းရှိသည်ဖြစ်၍ ''သာမဏေကိုမြန်စွာ လိုက်၍ပင့်ချေ''ဟု အမတ်တို့ကိုစေလိုက် ၏။ မင်းအိမ်သို့တက်မိလေသော်''အရှင် နှင့် သင့်လျော်သောနေရာ၌ နေလော့''ဟု ဆိုတော်မူ၏။ သာမဏေသည် ထိုမှဤမှ ကြည့်ရှု၍ ငါ့ထက်မြင့်မြတ်သောရဟန်း သည် ဤမင်းအိမ်ထက်၌ မရှိပြီဟု ကြံပြီးလျှင် ထီးဖြူအုပ်သော ရာဇပလ္လင် ထက်သို့ တက်အံ့သော အခြင်းအရာကို ပြုလျက် မင်းကြီးလက်သို့ သပိတ်ကို ကမ်း၏။ မင်းကြီးလည်း ထိုအချင်းအရာ ကို မြင်လျှင် ဤရှင်သာမဏေငယ်သည် ယနေ့ငါ၏ အိမ်တော်အလုံး၌ အရှင် ဖြစ်လတံ္တ့ဟုကြံ၍ သပိတ်ကိုလှမ်း၏။ သာမဏေလည်း ရာဇပလ္လင်ထက်သို့ တက်၍ ထိုင်လေလျှင် မင်းကြီးလည်း အထူးထူးသော ခဲဖွယ်ဘောဇဉ်တို့ကို သပိတ်၌ လောင်း၍ကပ်၏။ သာမဏေ လည်း ဘုဉ်းပေးသုံးဆောင်၏။ ပြီးစီး သောအခါ ''အရှင်၏ မျိုးနွယ်ကား အဘယ်နည်း။ အဘယ်သူ၏ အဆုံးအမ ကို ခံယူသနည်း။ အရှင်၏ အယူကား အဘယ်သို့ယူသနည်း''ဟု မေးလျှောက် ၏။ ထိုအခါ နိဂြောဓ သာမဏေသည် ''ငါ၏အမျိုးနွယ်ကား သဗ္ဗညုဘုရား၏ အနွယ်တည်း။ ထိုဘုရားရှင်၏အဆုံးအမ ၌သာ ငါတည်သတည်း။ ငါ၏အယူ လည်း အဆူဆူသော ဘုရားရှင်တို့ ရောက်ဝင် ပျော်စံရာဖြစ်သော နိဗ္ဗာန်ကို သာ အာရုံပြုသတည်း''ဟု ဖြေဆိုတော် မူ၏။

မင်းကြီးလည်း ''သင်၏ဆရာမြတ် စွာဘုရား၏ အဆုံးအကိုသိလျှင် ငါ့အား မိန့်ကြားပါ''ဟု မေး၏။သာမဏေလည်း ''မင်းကြီး ငါအတန်ငယ်မျှသာ သိပါ သေးသည်။ နာကြားလိုမူကား ဟောအံ့'' ဟုဆို၍ အပ္ပမာဒေါအမတံပဒံ၊ ပမာဒေါ မစ္စုနောပဒံ အစရှိသောဂါထာကို ကြား လျှင် အရှင်ငါသိပါပြီ။ စုံလင်စွာဟော ကြားပေးပါဟူ၍ တောင်းပန်သောအခါ အပ္ပမာဒဝဂ် ဆုံးအောင် ဟောကြား၏။ ယင်းသို့ တရားကိုနာပြီးသောအခါ မင်း ကြီးသည် ကြည်ညိုသဒ္ဓါပွားများသဖြင့် ''ရှင်သာမဏေ ရှစ်ဝတ်သောဆွမ်းတို့ကို အကျွန်ုပ် နေ့တိုင်းမပြတ် သင့်အား လှူ ၏''ဟုဆိုလေ၏။ ထိုအခါ နိဂြောဓ သာမဏေသည် ''ဒါယကာမင်းကြီးလှူ သော ဆွမ်းရှစ်ဝတ်ကို ငါ၏ဥပဇ္ဈာယ် ဆရာအားလှူ၏''ဟုဆိုလေသည်။ တစ် ဖန်မင်းကြီးက''ဥပဇ္ဈာယ်ဟူသည် အဘယ် သို့သောသူနည်း''ဟု မေးသောအခါ ''မိဘသဖွယ်သွန်သင်ပြသသော သူ တည်း''ဟု ဖြေကြားလျှင် အထူးနှစ် သက်တော်မူသဖြင့် ''သင်၏ဆရာအား လည်း ဆွမ်းရှစ်ဝတ်၊ အရှင့်အားလည်း ဆွမ်းရှစ်ဝတ်လှူပါ၏''ဟုဆိုတော်မူပြန် ၏။ ဤသို့အားဖြင့် ဆရာ၊ သတင်းသုံး ဖော်သံဃာတို့ကိုပါ အဆင့်ဆင့်တိုးပြီး ဆွမ်းရှစ်ဝတ်စီလှူဒါန်းသဖြင့် ''ကောင်း ပြီ''ဟုဝန်ခံ၍ ပြန်ြ<ွကသွားတော်မူ၏။
ရှစ်သောင်းလေးထောင်သာသနာအစ
မိုးသောက်သောနေ့၌ နိဂြောဓသာ မဏေသည် ရှစ်ဝတ်လေးလီ-သုံးဆယ့် နှစ်ဝတ်သောဆွမ်းတို့ကို သုံးကျိပ်နှစ်ပါး သော ရဟန္တာအရှင်သူမြတ်တို့အား ပင့် ဆောင်၍ ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုမှ ထပ်ဆင့်၍ လျှောက်ထားလာသည်မှာ ယနြေ့<ွကလာသော သုံးကျိပ်နှစ်ပါးကို လည်းကောင်း၊ ထိုမှတစ်ပါး နောက်ထပ် သုံးကျိပ်နှစ်ပါးကိုလည်းကောင်း ပင့် ဆောင်၍ နက်ဖြန်ဆွမ်းဘုဉ်ြး<ွကတော်မူပါ ဟု လျှောက်ထားပြန်၏။
ဤသို့သောနည်းဖြင့် နေ့စဉ် နေ့တိုင်း ပွားစေ၍ တိတ္ထိခြောက်သောင်းတို့အား လှူသောဆွမ်းဝတ်ကို ပယ်ဖျက်၍ ခြောက်သောင်းသောရဟန္တာအရှင်မြတ် တို့အား နန်းတော်၌ အမြဲဆွမ်းလုပ်ကျွေး တော်မူ၏။
သံဃာတော်တို့ နေစိမ့်သောငှာ အသောကရာမကျောင်းတော်ကြီးကို ဆောက်စေ၍ ခြောက်သောင်းသော ရဟန္တာအရှင်မြတ်တို့အား ဆွမ်းဝတ်နှင့် တကွလှူတော်မူပြီး လျှောက်ထားသည် မှာ ''အရှင်ဘုရားတို့ ဗုဒ္ဓဘုရားရှင် ဟောတော်မူအပ်သောတရားတော်ကား အဘယ်မျှရှိသနည်း''ထိုအခါ ရဟန္တာ အရှင်မြတ်တို့က''ဓမ္မဝိနယအားဖြင့် နှစ် ပါး၊ ပိဋကတ်အားဖြင့်သုံးပါး၊ နိကယ် အားဖြင့် ငါးပါး၊ အင်္ဂါအားဖြင့် ကိုးပါး၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိသည်''ဟုဖြေကြားတော်မူကြ၏။ သီရိ ဓမ္မာသောကမင်းကြီးလည်း တရားတော်၌ အလွန်ကြည်ညိုရှိရကာ တစ်ပါးတစ်ပါး သော ဓမ္မက္ခန္ဓာကိုရည်၍ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားတော် မူလိုသော အကြံတော်ရှိသည် ဖြစ်၍ ဗုဒ္ဓဘုရားရှင်၏ သရီရဓာတ်တော်ကို တောင်းတ ၏။
ထိုအခါ ရဟန္တာအရှင်မြတ်တို့က ''ဒါယကာမင်းကြီး ကြောင့်ကြမှု မရှိ ပါလင့်၊ ဗုဒ္ဓဘုရားရှင် ဗျာဒိတ်စကား မိန့်ကြားခဲ့သည်မှာ ငါဘုရားသာသနာ ၂၁၈ နှစ် ရောက်သောအခါ ပါဋလိပုတ် ပြည်၌ ဗိန္ဓုသာရမင်းကြီး၏ ၁ဝ၁ ပါး သော သားတို့တွင် အာသောကသား သည် ဗလစင်္ကြာမင်းဖြစ်လတ္တံ့။ထိုအခါ ငါဘုရား၏သာသနာ၌သဒ္ဓါအားကြီးခြင်း သည်ဖြစ်၍ ကိုးတိုင်းကိုးဌာနသို့ သာ သနာပြု စေလွှတ်ပြီး မြို့ပေါင်း ရှစ် သောင်းလေးထောင်တို့တွင် စေတီတော် ပေါင်းရှစ်သောင်းလေးထောင်၊ ကျောင်း ပေါင်းရေကန်ပေါင်းရှစ်သောင်းလေး ထောင်တည်ထား၍ ခုနစ်လ၊ ခုနစ်ရက် တိုင်တိုင်အလှူကြီးပေးလတ္တံ့။ မိမိကိုယ် ကို နံ့သာဆီဖြင့် ဆွတ်သောဝါဂွမ်းဖြင့် ရစ်၍ မီးညှိကာ ပူဇော်လတ္တံ့။ထိုအခါ မာရ်နတ်ဖျက်ဆီးသည်ကို ဥပဂုတ္တတိဿ နာဂမည်သောမထေရ်သည် တန်ခိုးအား ဖြင့် တားပေလတ္တံ့ ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်ပါ၍ ဒါယကာမင်းကြီးသည် ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်းခဲယဉ်းစွာ မြှုပ်ထား၍ ကိုးကွယ်တော်မူသော သရီရဓာတ်တော် ခုနစ်စရွက်တို့ကို မင်းကြီးရ၍ စေတီ ပေါင်းရှစ်သောင်းလေးထောင် တည်ရ လတ္တံ့''ဟု မိန့်တော်မူကြကုန်၏။
သီရိဓမ္မာသောကမင်း၏ မှ

စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခြင်း
ထိုသို့ ဗျာဒိတ်စကားကြားရသော အခါ မင်းကြီးသည် ဝမ်းမြောက်တော်မူ လှ၍ ဓာတ်တော်ကိန်းဝပ်သည့် ဌာပနာ တိုက်ကို ရှာဖွေစေ၍ တွေ့ရှိသောအခါ အသပြာတစ်ထောင်ပေး၍ ယန္တရားစက် ကို ဖျက်စေ၏။ ထို့နောက်မှ မြေကို တူး၍ တံတိုင်းခုနစ်ထပ်တို့ကို အစဉ် အတိုင်း ဖယ်ရှားလျှက် ပြာသာဒ်အတွင်း သို့ ဝင်၍ ရွှေစင်အတိဖြင့်ပြုလုပ်သော မြင်းရုပ်ကို ယန္တရားကျည်ဖြင့်ဖွင့်သော် မြင်း၏ ဝမ်း အတွင်း၌ထားသော ဝဇီရစိန်ကဲ့သို့ ထွန်း တောက်လျက်တည်သောဓာတ်တော်အစုကို မင်းကြီးဖူးမြင်ရလျှင် ရွှင်ကြည်လှသော စိတ်တော်ရှိသည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး ကြီးကျယ်ခမ်းနားစွာ ပူဇော်လေသည်။ ထိုမှတစ်ဖန် ပြာသာဒ် နှင့် မြင်းရုပ်တို့ကို ထုတ်၍ ကောင်းစွာသုတ်သင်ဆင်ယင်ပြီး သောတံခွန်၊ ကုက္ကား မုလေးပွားတို့ဖြင့် စီရင်လျက် မြို့တွင်းသို့ ပင့်ဆောင်၍ ပြာသာဒ် ဦးကင်းထက်၌ထားကာ ပူဇော် လေ၏။
ဗုဒ္ဓမြတ်စွာဘုရား၏သရီရဓာတ်တော် ခုနစ်စရွက်တို့ကို ဇမ္ဗူဒိပ်ကျွန်းအလံ