images
UN
UN
ဒိုင်လူကြီးများကို အကြမ်းဖက်မှုပြဿနာများအတွက် အီတလီတွင် ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်
Saturday, 08 December 2018
အီတလီဘောလုံးအဖွဲ့ချုပ်က ဒိုင်လူကြီး များအား ပိုမိုကာကွယ်နိုင်ရန်အတွက် အကြမ်း ဖက်မှုပြုလုပ်သူများကို အနိမ့်ဆုံးနှစ်နှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်မည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။ အီတလီနိုင်ငံ၏ အဆင့် နိမ့်လိဂ်ပြိုင်ပွဲများတွင် ဒိုင်လူကြီးများ၏ဆုံး ဖြတ်ချက်ကို ဆန့်ကျင်ရာမှတစ်ဆင့် ကစား သမားများ၏အကြမ်းဖက်မှုပြဿနာများ ယခု နှစ်အတွင်း သိသာစွာတိုးတက်လာခဲ့သည်။ ယခင်က အဆိုပါပြဿနာများအတွက် တစ်နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ယခုအခါတွင် ဆေးကုသမှုခံရခြင်းမရှိ သော အကြမ်းဖက်မှုများအတွက် အနိမ့်ဆုံး တစ်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး ဆေး ကုသမှုခံရသော အကြမ်းဖက်မှုများအတွက် အနိမ့်ဆုံးနှစ်နှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ် မည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ယခုသတ်မှတ်ချက်ကို ကစားသမားများသိရန် ဦးစွာဆောင်ရွက်မည်ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်ပါက ဥပဒေအတိုင်းကျင့်သုံးမည်ဟု ပြောကြားခဲ့သည်။ Ref;AP