images
UN
UN
မြန်မာပြည်ဖွားမှ ဟုတ်ပါစ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Sunday, 09 December 2018
''ကြယ်သီးမတပ်၊ ရင်ကိုလှပ်၍
ကြားညှပ်ဘောင်းဘီ၊ ဆံပင်ရှည်သည်
မြန်ပြည်ဖွားမှ ဟုတ်ပါစ''
ကျွန်တော်တို့ဆယ်တန်းကျောင်းသား ဘဝကပြဋ္ဌာန်းခဲ့သော အထက်တန်းကဗျာ လက်ရွေးစင်ထဲက ''ဆရာစလင်းခင်မောင် ရည်''ရေးစပ်ခဲ့သော ''ဆရာနှင့်သူ၏ ကျောင်းသားများ''ကဗျာ၏ ပထမဆုံးအပိုဒ် ကို ကျွန်တော်နှုတ်တိုက်ရွရွမကြာခဏ ရွတ်ဆိုနေမိပါသည်။
ဆရာစလင်းခင်မောင်ရည်က ထိုခေတ် ကာလက လမ်းသရဲလူငယ်များ၏ရိုင်းစိုင်း မှုကို ရှုတ်ချသရော်စပ်ဆိုထားခြင်းဖြစ် သည်။ ကျွန်တော်ကတော့ယနေ့ခေတ်မှာ ယိုသူမရှက် မြင်သူရှက်စရာကောင်းလောက် အောင် ရှက်ကြောပြတ်ဝတ်စားဆင်ယင်မှု များ၊ မမြင်သင့်သည်များကိုအရှက်မရှိဖော် ပြပြီး ခန္ဓာကိုယ်ကိုလေလံပစ်နေကြမှုများကို ကြည့်ပြီး ရင်ထဲမှာမချိလွန်းစွာဖြင့် ဆရာ စလင်းခင်မောင်ရည်ကိုအားကျပြီး ကဗျာ တစ်ပိုဒ်ကို စပ်ဆိုခဲ့ပါသည်။
''ဟိုလှပ်ဒီလှပ်၊ အကုန်လှပ်၍
စကပ်အတို၊ ပေါင်ရင်းကိုရောက်
ကဲမောက်ကာမ၊ လွန်ထကြွအောင်
နှိုးဆွမြှူဆွယ်၊ မာယာကြွယ်ပြီး
ဖလှယ်သွေးသား၊ ဈေးကစားသည့်
ကြေးစားအသွင်၊ ပုံရိပ်ထင်အောင်
အမြင်ရိုင်းစိုင်း၊ ထင်တိုင်းမိုက်မှား
ရွံဖွယ်များသည်
မြန်ပြည်ဖွားမှ ဟုတ်ပါစ။
မြန်မာ့ယဉ်ကျေးမှုနှင့်လုံးဝဆန့်ကျင် လွန်းလှသည့် ကျောက်ခေတ်ဝတ်စားဆင် ယင်ထုံးဖွဲ့မှုများအပြင် ယုတ်ညံ့သိမ်ဖျင်း၊ ရိုင်းစိုင်းကြမ်းတမ်းလွန်းသော စကား အသုံးအနှုန်းများနှင့် ပြောဆိုပြုမူဆက်ဆံ နေကြတာတွေ၊ လူအများမြင်ကွင်းများမှာ ပင်လူ့တော်သလင်းလို ကမြင်းကြောထနေ ကြတာတွေကိုလည်း နေ့စဉ်နှင့်အမျှမြင်တွေ့ နေကြရပါသည်။
''လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာ စရိယ၊ မိနှင့်ဖ''ဆိုသလို အချို့မိဘတွေ ကိုယ်တိုင်က မြန်မာယဉ်ကျေးမှုကိုဆန့်ကျင် နေကြလေရာ သူတို့၏သားသမီးများသည် အဘယ်မှာလျှင်မြန်မာပီသကြပါတော့မည် နည်း။ ခေါင်ကမိုးမလုံသောကြောင့် မြန်မာ မပီသတော့ဘဲ လူမျိုးခြားကပြားတွေနှင့် တူကုန်ကြပါတော့သည်။ ဆံပင်ကိုဖြူနီ ကြောင်ကျားဆေးဆိုးထားသော ကျောင်းသူ ကို မိဘအုပ်ထိန်းသူများကိုယ်တိုင်သွန်သင် ပြုပြင်ဆုံးမပေးရန်အတွက် ကျောင်းစည်း ကမ်းအရဆင့်ခေါ်ခဲ့သော ကျောင်းအုပ်ဆရာ ကြီးသည် ကျောင်းသူ၏မိခင်ကို မြင်တွေ့ လိုက်ရသောအခါ ပင့်သက်ဖြာပြီး အာစေး မိသွားခဲ့ရသည်။ အကြောင်းမှာမူ ကျောင်း သူ၏မိခင်ကိုယ်တိုင်က ဆံပင်ဖြူနီကြောင် ကျားဖြစ်နေသည့်အပြင် ဆေးဆိုးပန်းရိုက် မျက်နှာနှင့် မသတီစရာဟန်မူရာပြသနေ သောကြောင့်ပင်တည်း။
မိဘများသည် သားသမီးများနှင့်နေ့ ရောညပါအနီးကပ်နေထိုင်ကြရသူများဖြစ် သဖြင့် သားသမီးများကအစစအရာရာတွင် အားကျအတုယူသင့်သည့်စံပြမိဘကောင်း များဖြစ်နေကြရပါမည်။
လူကြီးမိဘများက ဇာတ်ကနေကြသူ များ၊ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်များနှင့် အလားတူကြသည်။ ကလေးသူငယ်လူငယ် များက ပွဲကြည့်ပရိသတ်များ၊ ရုပ်ရှင် ဗီဒီယိုကြည့်ပရိသတ်များနှင့်အလားတူ ကြသည်။ လူကြီးမိဘများ၏ကကြိုး ကကွက်၊ သရုပ်ဆောင်ချက်၊ ဇာတ်လမ်း ကောင်းမကောင်းအပေါ်တွင် ကလေးသူ ငယ်လူငယ်များ၏ ဘဝအတိမ်းအစောင်း သည် ဖြစ်ပေါ်လေ့ရှိပါသည်။ ဆိုလိုတာက အားကျအတုယူမှုကောင်းလျှင် လူငယ်ဘဝ တိုးတက်သည်။ အားကျအတုယူမှု မကောင်းလျှင်၊ လွဲမှားလျှင်လူငယ်ဘဝဆုတ် ယုတ်ပျက်စီးစေပါသည်။
အတုမြင်အတတ်သင်ဆိုသလို ကောင်း ကျိုးမပြုသောမဟုတ်မဟတ် ဗရုတ်သုတ်ခ များဆိုလျှင် အတတ်မြန်၊ အတုခိုးမြန်ကြ သည်။ အထူးသဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ မော် ဒယ်လ်ရှိုး၊ ကားကြော်ငြာ၊ အရက်ကြော်ငြာ များထဲမှ သရုပ်ဆောင်တချို့၏ရှက်ကြော ပြတ် ကျောက်ခေတ်လူသားဝတ်ဆင်မှုများ မှာ အော့ကြောလန်၊ အန်ချင်စရာ၊ မသတီ စရာ အလွန်ကောင်းလှပါသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုများ၊ ဆင်ဆာမဲ့အခွေများ၊ညစ်ညမ်းခွေများကြောင့် ယနေ့ကျောင်းသားလူငယ်တချို့မှာ ဘဝပန်း တိုင်ပျောက်နေကြပါသည်။ မူးယစ်ဆေးစွဲ၊ ခိုးဆိုးလုယက်၊ ရိုက်နှက်သတ်ဖြတ်မှုများကို ကျူးလွန်လာခဲ့ကြသည်။ ဆဋ္ဌမတန်း ကျောင်းသားကျောင်းသူအရွယ် အဆင့်က ပင် ဒေးကလပ်၊ နိုက်ကလပ်များသို့ သွား လာနေကြကာ ငွေကြေးတတ်နိုင်သူများက ကြယ်ငါးပွင့်အဆင့် ဟိုတယ်များတွင်လည်း ကောင်း၊ ငွေကြေးသင့်ရုံတတ်နိုင်သူများက နာရီပိုင်းသာလက်ခံကြသော မိုတယ်၊ အင်း၊ တည်းခိုခန်းအမည်ခံ(မီးခိုးမထွက်သော စက်ရုံများ)တွင်လည်းကောင်း အနားယူပျော် ပါးနေကြပါသည်။



သဘောထားချင်း မတိုက်ဆိုင်တော့မှ ကာမလိမ်လည်ရယူမှု နှင့် အမှုဖွင့်ကြသူများလည်း ရှိနေပါသည်။ ခုမြင်၊ ခုကြိုက်၊ ခုလိုက်၊ ခုကွဲ မမြဲကြဘဲ အိမ်ထောင်ရေးကို ကလေးကစားစရာလို သဘောထားလာကြသည်။ တချို့ လက် မထပ်ဘဲ အတူနေကြသည်။
အထူးသဖြင့် အဘက်ဘက်က နစ်နာ ကြသူများမှာ မိန်းကလေးများသာဖြစ်ကြပါ သည်။ ဤနေရာတွင် ၂ဝ၁၂ ခုနှစ်က အရောင်းရဆုံးစာရင်းဝင်''စာရေးဆရာမ ပါမောက္ခ ဒေါက်တာချိုချိုတင်(မြန်မာစာ)'' ၏ ''မြန်မာစာသုတေသနစာတမ်းများ'' စာအုပ်ထဲမှ ''မြန်မာအမျိုးသမီးငယ်များ၏ သဘာဝဆန်းစစ်ချက်''အခန်းပါ မှတ်သား လိုက်နာစရာအချို့ကို အလျဉ်းသင့်သဖြင့် ထပ်ဆင့်မျှဝေပေးလိုပါသည်။
မြန်မာအမျိုးသမီးများ၏ အသက်(၁ဝ နှစ်)အရွယ်ကို ''ကညာ''အပျိုစင်ဟုလည်း ကောင်း၊ ကညာကို အင်္ဂလိပ်စကားမှာ ''အပျိုစင်စစ်'' (Vergin)ဟုလည်းကောင်း၊ ရှေးဟိန္ဒူကျမ်းများတွင် ကညာအပျိုစင် လေးတွေကို ''အဖိုးထိုက်တန်သော အာယု ဝဍ္ဎုနဆေးတစ်မျိုး''ဟုလည်းကောင်း ခေါ် ဆိုကြကြောင်း။
ကုန်းဘောင်ခေတ် စိန္တကျော်သူ ဦးသြ ၏ ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် ''ကညာလေးရပ်၊ စွန့်ငါးထပ်၊ ချစ်အပ် တစ်ပါးသာ''ဟု စပ်ဆိုထားပြီး (၁)မင်းမျိုး ကညာ၊ (၂)ပုဏ္ဏားမျိုးကညာ၊ (၃)ကုန်သည် မျိုးကညာ၊ (၄)လယ်ထွန်မျိုးကညာဟူ၍ ကညာလေးမျိုး သတ်မှတ်ထားကြောင်း ဖော်ပြထားရာ ကညာအပျိုစင်၏ သိက္ခာ နှင့်တန်ဖိုးကို လူမျိုးတိုင်း အလေးထား ကြောင်း သုံးသပ်နိုင်ပါသည်။ ထို့ကြောင့် ''မိန်းကလေးတို့ဣနြေ္ဒ ရွှေပေးလို့မရ''ဟူ သောစကားပုံပေါ်ပေါက်လာခြင်းဖြစ်သည်။
အသက်အရွယ်အပိုင်းအခြားအလိုက် (၁)ခုနစ်နှစ်အရွယ်ကို ''ဒါရိကာ''၊ (၂)ရှစ် နှစ်အရွယ်ကို''ဂေါရီ''၊ (၃)ဆယ်နှစ်အရွယ် ကို''ကညာ''၊ (၄) ၁၂ နှစ်အရွယ်ကို ''ကုမာရီ''၊(၅)၁၃နှစ်အရွယ်ကို''သွေးစုန်း''၊ (၆) ၁၅ နှစ်အရွယ်ကို ''မျက်မည်း''၊ (၇) ၂ဝ နှစ်အရွယ်ကို ''မျက်ဝန်း''၊ (၈) ၂၅နှစ်အရွယ်ကို ''မျက်ညွတ်''၊ (၉)၄ဝ နှစ်အရွယ်ကို ''မြောင်းတူး''ဟူ၍ အသက် အရွယ်အလိုက် ကညာကိုးရပ် သတ်မှတ် ထားကြောင်း။
ထို့ပြင်အမျိုးသမီးများကိုအသက်အရွယ် အလိုက်အဆင့်သတ်မှတ်ထားရာ (၁)မွေး ဖွားချိန်မှ ၁ဝ နှစ်အထိ ''မန္ဒဒသက'' အကျိုးအပြစ်ကို ကောင်းစွာမသိသေးသော မိုက်မဲသည့်အရွယ်၊ (၂) ၁ဝ နှစ်အရွယ်သို့ ရောက်လာပါက ''ခိဍ္ဍာဒသက'' အလွန် ပျော်ပါးမြူးထူးလိုသောအရွယ်၊ (၃)အသက် ၂၁နှစ်မှ အသက် ၃ဝအထိ ''ဝဏ္ဏဒသက'' ရုပ်ဆင်းရှိသမျှအစွမ်းကုန်လှပသည့်အရွယ်၊ (၄) အသက် ၃ဝ မှ ၄ဝနှစ်အထိ ''ဗလ ဒသက'' အားရှိသမျှ အစွမ်းကုန်ကြီးမား သည့်အရွယ်၊(၅)အသက် ၄ဝမှ ၅ဝနှစ်အထိ ''ပညာဒသက''ပညာရရန်ရှိသမျှ အစွမ်း ကုန်ကြီးမားသည့်အရွယ်၊ (၆) အသက် ၅ဝ မှ ၆ဝ နှစ်အထိ ''ဟာနိဒသက'' တစ်နှစ် ထက်တစ်နှစ် ဆုတ်ယုတ်သည့်အရွယ်၊ (၇) အသက်၆ဝမှ ၇ဝနှစ်အထိ''ပဗ္ဘာရဒသက'' အသားအရေရှုံ့သည့်အရွယ်၊ (၈)အသက် ၇ဝမှ ၈ဝနှစ်အထိ ''ဝင်္ကဒသက''ခါးကုန်း သည့်အရွယ်ဟူ၍ အဆင့်ရှစ်ဆင့် ခွဲခြား သတ်မှတ်ထားကြောင်း ဖော်ပြထားရာ အသက်အရွယ်အဆင့်အရ မိမိတို့ဘဝနှင့် သင့်တင့်မျှတစွာ နေထိုင်ကျင့်ကြံကြရန် အသိသတိပေးထားခြင်းဖြစ်သည်။
မြန်မာမိန်းကလေးများမှာ (၁)အဆင်း လှခြင်း၊ (၂)စည်းစိမ်ချမ်းသာရှိခြင်း၊ (၃)သီ တင်းသီလဆောက်တည်ခြင်း၊ (၄)တတ်သိ လိမ္မာခြင်း၊ (၅)လုံ့လဝီရိယရှိခြင်းဟူသော အင်္ဂါငါးရပ်ရှိကြောင်း ''ဓမ္မပဒ''တွင် (၁) ဆဝိကလျာဏ-အရေကောင်းခြင်း၊ အဆင်း ချောခြင်း၊ (၂) ဝယကလျာဏ-အရွယ် ကောင်းခြင်း၊ (၃) မံသကလျာဏ-အသား အရေနူးညံ့ခြင်း၊ (၄)အဋ္ဌိကလျာဏ-အရိုး အဆစ်ပြေပြစ်ခြင်း၊ (၅)ကေသကလျာဏ- ဆံပင်ကောင်းခြင်းစသည့် အင်္ဂါရပ်ငါးရပ်ရှိ မှ မိန်းမကောင်းဟုသတ်မှတ်ထားကြောင်း၊
''သုတ္တနိပါတ်အဋ္ဌကထာ''မှာ မိန်း ကလေးများ ပျက်စီးရာပျက်စီးကြောင်း ''လော်လီခြင်းငါးပါး'' သတ်မှတ်ထားရာ တွင် (၁)အာဟာရလောလ-စားသောက်မှု၌ လော်လီခြင်း၊ (၂) အလင်္ကာရလောလ- အဝတ်တန်ဆာမှု၌ လော်လီခြင်း၊ (၃) ပရ ပုရိသ လောလ-ယောက်ျားတစ်ပါး၌ လော် လီခြင်း၊ (၄) ဓနလောလ-ပစ္စည်းဥစ္စာ၌ လော်လီခြင်း၊ (၅) ပါဒလောလ-ထိုထိုဤ ဤအလီလီသို့ သွားလာလည်ပတ်မှု၌ လော် လီခြင်းဟူ၍ လော်လီခြင်း(၅)ရပ် သတ်မှတ် ထားကြောင်း ဖော်ပြထားရာ မိမိတို့သည် မည်သည့်အခြေအနေတွင်ရှိကြောင်းဆင်ခြင် သုံးသပ်သင့်ကြပါသည်။
မြန်မာမိန်းကလေးများ၏ ဘဝကောင်း ကျိုးတန်ဖိုးနှင့် ဆိုးကျိုးဒုက္ခအန္တရာယ်ကို သိကြနားလည်စေချင်ကြသောကြောင့် ကျွန် တော်ကောက်နုတ်မျှဝေပေးခြင်းဖြစ်ပါသည်။ သို့သော် ''လူကို စိတ်ကအုပ်ချုပ်၏။ စိတ် ကို ဉာဏ်ပညာက အုပ်ချုပ်၏။ ဉာဏ်ပညာ ကို ဗဟုသုတကအုပ်ချုပ်၏။ သို့ဖြစ်၍ ဗဟု သုတရှိအောင် စာအုပ်စာတမ်းအမျိုးမျိုးတို့ ကို ဖတ်ကြကုန်လော့'& အထူးသဖြင့် ဟီရိသြတ္တပ္ပလောကပါလ တရားနှစ်ပါးကင်းမဲ့နေကြသော ယနေ့ခေတ် ၏ သားကောင်မိန်းကလေးတချို့ အသိ ဝင်ဆင်ခြင်သင့်ပါသည်။ 'ဓိတောဝါဒပျို့ သမီးဆုံးမစာ'မှာ 'တန်ဆာပလာ၊ ဆင် သည်မှာကား၊ ပီတာရှေ့တွင်၊ ရှုလေမြင် အောင်၊ ကိုယ်တွင်အဝတ်၊ လဲမချွတ်နှင့်၊ နုထွတ်မျက်နှာ၊ ကိုယ်ခန္ဓာကို၊ ဆင်းဝါရုပ် သွင်၊ အရောင်တင်သော်၊ ကွယ်လွင်ဌာန၊ လျှို့ဝှက်ကြရှင့်'ဟု မိန်းကလေးများအဝတ် အထည်လဲလှယ်သည့်အခါ ဖခင်၊ အစ်ကို နှင့်မောင်တွေ၏ရှေ့မှာ မလဲလှယ်ကြရန်၊ နံ့သာလိမ်းခြယ်ကြရာတွင်လည်း မမြင်အပ် သည်တို့ကို ကွယ်ဝှက်ထားရန်၊ သတိပေး ထားခြင်းဖြစ်သည်။ သို့သော် ယခုခေတ် မှာတော့ ကွယ်ဝှက်ထားကြခြင်း အလျဉ်း မရှိကြတော့ဘဲ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဖော်လှစ်ဖွင့်ပြ၊ လေလံပစ်နေကြလေရာ မမြင်ချင်အဆုံး အော့နှလုံးနာစရာကောင်းလှ ပါသည်။
သူတို့က ရှက်ကြောပြတ်၊ ဖော်ပြလေ လံပစ်နေကြလေတော့ ယောက်ျားကြီးငယ် တချို့ကလည်း ကာမရာဂပိုးတွေ ထြ<ွကလာ ကြကာ အဓမ္မကျင့်ကြံမှုတွေ၊ ကာယိနြေ္ဒ ဖျက်ဆီးမှုတွေ ဆက်စပ်ပြီးယှက်နွှယ်နေ သည့် သက်ငယ်မုဒိမ်းမှုတွေကို ကျူးလွန် လာကြပါတော့သည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သော စာရေးဆရာကြီးမောင်ထင်(ဂန္ထ ဝင်ငဘရေးသားသူ)''ရယ်ရွှင်ဖွယ်ဂျာနယ်'' တွင် ၁၉၃၄ ခုနှစ်က ရေးသားခဲ့သော ''ပုတီးကိုထောင်၊ သူတော်ယောင်၊ ဗြောင် လိမ်သည့်ခေတ်။ တောသူဆံတောက်၊ မြို့ ကိုရောက်၊ ကြောက်စရာကောင်းသည့် ခေတ်။ မီးဖိုချောင်ကစာထောင်ပြ၊ မျက်စ ပစ်သည့်ခေတ်။ ဘိုင်စကုတ်ပွဲ၊ ကြိတ်ကြိတ် ခဲ၊ ခြေသည်းနှင့်ကုတ်သည့်ခေတ်။ လန် ချားကုလား၊ နေကုန်ငှား၊ နှစ်ယောက်သား ပျော်သည့်ခေတ်''ဟူ၍ သရော်ထား၊ ကလိ ထားသည်ကို ပြန်လည်သတိရမိနေပါ သည်။ ဆရာကြီးမောင်ထင်ရေးသားခဲ့သည် မှာ ၈၄ နှစ် ကြာခဲ့ပြီဖြစ်သော်လည်း လက် ရှိကာလတွင်မူ အသွင်သဏ္ဌာန်ခြားနားသွား သော်လည်း အနှစ်သာရကတော့ ထူးမခြား နားပင်။ ခေတ်ဆန်လွန်းပြီး မြန်မာ့ယဉ်ကျေး မှုကိုပျက်စီးအောင် ဖျက်ဆီးနေကြပါသည်။
ဒုတိယတန်းကျောင်းသားလေးကို အတန်းတူမိန်းကလေးနှစ်ယောက်က ရည်း စားစာအပြိုင်ပေးခြင်း၊ စတုတ္ထတန်းကျောင်း သားနှင့်ကျောင်းသူရည်းစားထားသည်ကို ကျောင်းအုပ်ဆရာကြီးက မေးမြန်းစစ်ဆေး နေစဉ် ကျောင်းသားလေးက ကြောက်ရွံ့ တုန်လှုပ်နေသော်လည်း ကျောင်းသူလေးက ''မောင်ပြောလိုက်လေ''ဟု ရဲဝံ့စွာရင်ကော့ ဖြေဆိုခြင်း၊ ယောက်ျားပျိုလေးကို မိန်း မပျိုလေးသုံးယောက်က အပြိုင်ပိုး၊ အပြိုင် တွဲနေကြခြင်း၊ ယောက်ျားလေးက မိန်းက လေးကို ကုန်းပိုးလျှောက်လှမ်းခြင်းစသည့် ကိုရီးယားဇာတ်လမ်းတွဲများကို အားကျ အတုယူမှုများ ပွားများလာခဲ့ကြသည်။ မိန်း ကလေးအချို့၏ ဣနြေ္ဒကိုရွှေပေးစရာမလို တော့ဘဲ အလကားပင်ရနေကြသည့်အခြေ အနေသို့ ဆိုက်ရောက်နေလေပြီ။
ပို၍ဆိုးရွားလွန်းသည့်ဖြစ်ရပ်ဆန်းရှိပါ သေးသည်။ ခေတ်ပညာတတ်ယောက်ျား ပျိုလေးတစ်ဦးကို ခေတ်ပညာတတ်မိန်းမ ပျိုလေးသူငယ်ချင်းနှစ်ဦးက တစ်နေ့တည်း မှာပင် တရားရုံးတစ်ရုံးစီမှာ လက်မှတ်ထိုး လက်ထပ်ခဲ့ကြရာ ထိုမိန်းကလေးနှစ်ဦးက ပင် အသိသက်သေအဖြစ် အပြန်အလှန် လက်မှတ်ထိုးပေးခဲ့ကြပါသည်။မိန်းကလေး တစ်ဦး၏မိဘက သမီးကိုအခန်းထဲ ပိတ် လှောင်ထားခဲ့ရာ ယောက်ျားလေးက သူ့ဇနီး ကို မတရားပိတ်လှောင်ထားသည်ဟုဆို ကာအမှုဖွင့်ရာမှ သမီးမိုက်၏ဇာတ်လမ်းကို မိဘများခမျာ ရင်နင့်ကြေကွဲဖွယ် သိရှိခံစား ခဲ့ကြရပါသည်။ မယုံမရှိကြပါနှင့်။ ပုံပြင် မဟုတ်ပါ။ တကယ့်ဖြစ်ရပ်မှန်များ ဖြစ်ကြ ပါသည်။
မြန်မာက ကိုရီးယားထက် ကျော်တက် သွားသော ဇာတ်လမ်းဖြစ်သဖြင့် ကိုရီးယား တွေသိသွားပါက ရုပ်ရှင်ရိုက်ကူးရန်အတွက် အလုအယက်ဝယ်ယူကြမှာသေချာပါသည်။
ထို့ကြောင့် 'မဃဒေဝလင်္ကာ'မှာ 'လူ့ ရွာအတီး၊ ဝေါဟာပြီးသား၊ သမီးတစ် ကောင်၊ နွားတစ်ထောင်သို့၊ လုံအောင်အမြဲ၊ စောင့်နိုင်ခဲ၏'ဟု ဆိုဆုံးမထားပါသည်။
တချို့မိဘများခမျာ သမီးမိုက်၏ လိမ် ညာမှုကို မသိကြရှာ၊ အိမ်မှထွက်သွားတော့ အဝတ်အစားကတစ်မျိုး၊ လမ်းနှင့်အပြင် ရောက်တော့ အဝတ်အစားကတစ်မျိုး၊ အပြောတစ်မျိုး၊ အလုပ်တခြားဖြင့် မိဘ များကို လှည့်စားလှည့်ဖြားနေကြပါသည်။
''ငယ်သော် 'သမီး' ကြီးသော် 'ထီး'၊ သမီးအလိမ္မာ။ ငယ်သော် 'သမီး'ကြီးသော် 'မီး'၊ သမီးအမိုက်ပါ''ဟူသော ဆိုစကား ရှိပါသည်။ သမီးကလေးမွေးဖွားလာတော့ သမီးလေးကြီးလာလျှင် တို့မိဘတွေ ထီးလို ခိုလှုံခွင့်ရမှာပဲ။ သမီးလိမ္မာလေးဖြစ်မှာပဲဟု မျှော်လင့်အားခဲထားကြသော်လည်း ကြီး လာသောသမီးလေးက မိုက်ရိုင်းစော်ကား အကျင့်စာရိတ္တပျက်ပြားလာသောအခါ ထီး လိုခိုလှုံခွင့်မရကြဘဲ မီးလိုဝါးမျိုလောင်မြိုက် ခြင်းခံကြရသည့် မိဘတွေမြောက်မြားစွာ ရှိနေကြပါသည်။
မိဘတွေ မြောက်မြားစွာမှသည် နိုင်ငံ နှင့်ချီ၍ ဆင်ခြင်သုံးသပ်ကြစေချင်ပါသည်။ ရှေးပဝေသဏီကလို တောင်ရှည်ပုဆိုး၊ ထိုင် မသိမ်းအင်္ကျီ၊ သျှောင်ထုံး၊ဘီအေဆံထုံးမျိုး တွေဆင်ယင်ထုံးဖွဲ့ကြရန်မလိုပါ။ ခေတ် ကာလနှင့်အညီ ဝတ်စားဆင်ယင်သင့်ပါ သည်။ သို့သော်အရိုးကိုတော့ အရွက်မဖုံး အောင် မျိုးမစစ်၊ မျိုးမချစ်များ၏ အန္တရာယ် များကိုကား ကာကွယ်တားဆီးကြစေချင်ပါ သည