images
UN
UN
တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် တပ်မတော်ကိုချစ်မြတ်နိုးသူများက တပ်မတော်ကိုထောက်ခံ ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်
ဇော်ဇော်ကျော်ကျော်(ဟင်္သာတ) Sunday, 09 December 2018
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ တပ်မတော်ကိုချစ်မြတ်နိုးသူများက တပ်မတော်ကိုထောက်ခံကာ ပြင်ပစွက်ဖက်လုပ်ဆောင်နေ မှုအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဦးပါရဲဘုရားကွင်း၌ စုရပ်ပြုစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ကြောင်း သိရသည်။ဆန္ဒဖော်ထုတ်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးစစ်မှူထမ်းဟောင်း ကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးနေဝင်း (ငြိမ်း) ကြီးကြပ်ကွပ်ကဲမှုဖြင့် ဟင်္သာတ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်း(ငြိမ်း) ဦးဆောင်ပြီး ဟင်္သာတခရိုင်တွင်းရှိ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ မြန်အောင်၊ လေးမျက်နှာ၊ ဇလွန် မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့များ နှင့် တပ်မတော်ကိုချစ်မြတ်နိုးသူ စုစုပေါင်း ၆ဝဝ ခန့်က ဘက်လိုက်သောကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက် ဖက်သော Facebook ကိုလုံးဝဆန့်ကျင် ရှုတ်ချသည်။ တပ်မတော်အင်အား ချိုးနှိမ် မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော် စွမ်းမှတိုင်းပြည်အေးချမ်းမည်။APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ၊ မြန်မာ့ တပ်မတော်ကိုအပြည့်အဝထောက်ခံသည်။ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ စသည့် စာသားများပါ ဗီနိုင်းများကိုကိုင်ဆောင်ပြီး စုရပ်ပြုနေရာမှ ဗိုလ်ချုပ်လမ်း၊ ရွှေဝါထွန်း လမ်း၊ ဈေးကလေးလမ်းမှတစ်ဆင့်သတ် မှတ်ဟစ်တိုင်ကွင်းနေရာသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
တပ်မတော်ဟာနိုင်ငံလူမျိုးတိုင်းပြည် အတွက် ခေတ်အဆက်ဆက်က အသက် ပေးကာကွယ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်ကာကွယ် ရေးအတွက်၊ နိုင်ငံတော်လုံခြုံရေးအတွက် ယုံကြည်တယ်၊ အားပေးတယ်။ အဲဒီ အတွက်ထောက်ခံတယ်။ ပြင်ပစွက်ဖက် မှုတွေကိုလည်း ဆန့်ကျင်ကန့်ကွက်တဲ့အနေ နဲ့ တပ်မတော်ကို ထောက်ခံတဲ့ဆန္ဒဖော် ထုတ်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင် သူ ဟင်္သာတမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌဗိုလ်မှူးသန်းဝင်း (ငြိမ်း)ပြောပြ ချက်အရ သိရသည်။