images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ(၂ဝ၁၈)ကျင်းပမည်
Sunday, 09 December 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ညီလာခံ(၂ဝ၁၈)အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ ယခုလ ၁၁ ရက်တွင် အကြိုအစည်းအဝေးအဖြစ် စတင်ကျင်းပမည်ဖြစ်ပြီး ထိုနေ့ညနေ ၄ နာရီတွင် ပါတီဌာနချုပ်ဝင်းအတွင်း၌ ဈေးရောင်းပွဲတော် ကျင်းပမည်ဖြစ်သည်။ ထို့နောက် ယခုလ ၁၂ ရက် နံနက် ၈ နာရီတွင် အမျိုးသမီးညီလာခံကို နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ညီလာခံခန်းမ၌ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
အမျိုးသမီးညီလာခံ၏ရည်ရွယ်ချက်မှာ ပါတီ၏ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားရေးနှင့် ပါတီ၏ရည်မှန်းချက်၊ ယုံကြည် ချက်၊ သန္နိဋ္ဌာန်၊ မူဝါဒလုပ်ငန်းစဉ်များနှင့် သဘောထားတို့ကို အမျိုးသမီးပါတီဝင်များမှတစ်ဆင့် မြန်မာအမျိုးသမီးထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ အမျိုးသမီးများ ဘဝလုံခြုံရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာကွယ်မြှင့်တင်ပေးရန်၊ အမျိုးသမီး ရေးရာကော်မတီ၏ ကဏ္ဍများအလိုက် လှုပ်ရှားဆောင်ရွက်မှု များကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် အမျိုးသမီးပါတီ ဝင်သစ်များ စုဆောင်းခြင်း၊ ဝန်းရံအင်အားတိုးပွားလာစေရန် ဆောင်ရွက်ခြင်း၊ အမျိုးသမီးထုအင်အားဖြင့် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။