images
UN
UN
တပ်မတော်ကိုထောက်ခံပြီး ပြင်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲ ဗန်းမော်မြို့တွင်ကျင်းပ
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 09 December 2018
ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှကြီး မှူး၍ တပ်မတော်ထောက်ခံပွဲနှင့် ပြင်ပစွက်ဖက်မှုများအား ဆန့်ကျင် ရှုတ်ချပွဲအား ယနေ့နံနက် ၉နာရီက ဗန်းမော်မြို့နယ် မြို့တော်ခန်းမ ရှေ့တွင်ကျင်းပခဲ့သည်။
အဆိုပါ တပ်မတော်ထောက်ခံ ပွဲနှင့် ပြင်ပစွက်ဖက်မှုများအားဆန့် ကျင်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်ပွဲ အား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသူရခင်မောင်ညွန့် (ငြိမ်း)ကဦးဆောင်၍ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ အရန်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များစုစုပေါင်းအင်အား ၄ဝဝ ခန့်တက် ရောက်ပြီး တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လက်မခံ၊ APHR ၏အောက်လုံးအစီရင်ခံစာ အလိုမရှိ၊ တပ်မတော်စွမ်းမှ တိုင်း ပြည်အေးချမ်းမည်၊ ပြည်သူကိုချစ် သောပြည်သူကချစ်သော တပ်မ တော်အောင်မြင်ပါစေ၊ ဘက်လိုက် သောကုလသမဂ္ဂအချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝ လက်မခံ၊ မဆီမဆိုင်နိုင်ငံရေးစွက် ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်။ မြန်မာ့ တပ်မတော်ကိုအပြည့်အဝထောက် ခံသည် စသည့်ဗီနိုင်းဆိုင်းဘုတ် များအားကိုင်ဆောင်ကာ မြို့တော် ခန်းမရှေ့၌ရပ်တန့်လျက် နံနက် ၁ဝနာရီအထိ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခဲ့ကြသည်။
ထိုသို့ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ရခြင်းမှာ တပ်မတော်၏ မှန် ကန်သော လုပ်ဆောင်ချက်များ အား အကြွင်းမဲ့ယုံကြည်ခြင်း၊ တပ်မတော်၏ပုံရိပ်ကျဆင်းစေရန် နှင့် အင်အားချည့်နဲ့စေရန်ရည်ရွယ် ကာ နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နှောင့်ယှက် သည့်ပြည်ပနိုင်ငံအချို့နှင့်အပေါင်း အပါအဖွဲ့အစည်းများ၊ မီဒီယာ အချို့မှ တစ်ဖက်သတ်စွပ်စွဲချက် များဖြင့်ပြောင်ပြောင်တင်းတင်းဝင် ရောက်စွက်ဖက်ခြင်းများအား ဆန့် ကျင်သည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခြင်းဖြစ်ကြောင်း စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များထံမှသိရသည်။