images
UN
UN
သီလရှင်ဆရာကြီးဆရာလေးများအား ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း
တင်စိုး(ပဲခူး) Sunday, 09 December 2018
ဗုဒ္ဓမြတ်စွာသာသနာ အရှည် တည်တံ့နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီက ပဲခူးမြို့ လိပ်ပြာ ကန်ရပ်ကွက်သန္တိသုခဆွမ်းလောင်း အသင်းမှကြီးမှူး၍ အဋ္ဌမအကြိမ် မြောက် သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး ဆရာလေးများအား စာရေးတံမဲနှင့် ဆွမ်းဆန်လောင်း လှူပွဲတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီက ပါဝင်လှူဒါန်းမှုပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သီလရှင်ဆရာကြီး၊ ဆရာလေးများက သန္တိသုခ ဆွမ်း လောင်းဓမ္မာရုံအတွင်း၌ မေတ္တာ သုတ်ပရိတ်တရားတော်များ ရွတ် ပွားသရဇ္ဈာယ်တော်မူကြပြီး အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှစတင်၍ လိပ်ပြာကန် အဆင့်မြင့်အိမ်ရာတိုက်ခန်း၊ ရှင် စောပုရပ်ကွက် ဦးဘိုနီလမ်းအတိုင်း အလှူခြံ<ွကရောက်တော်မူကြသည်။
အဆိုပါစာရေးတံမဲနှင့် ဆွမ်း ဆန်လောင်းလှူပွဲအား ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် အဆင့်မြင့် အိမ်ရာတိုက်ခန်း သန္တိသုခဆွမ်း လောင်းအသင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ရှင်စောပုရပ်ကွက်ဦးဘိုနီလမ်းအလှူရှင်မိသားစုများ၊ စေတနာရှင်သီးခြားအလှူရှင်များ စုပေါင်းပြီး ပဲခူးမြို့ သီလရှင်ကျောင်းတိုက်အသီးသီးမှ သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေး ၂၃၅ ပါးအား လှူဒါန်းမှုပြုလုပ်ရာတွင် ပဲခူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်/ကျေးပါတီဝင်များက ဆပ်ပြာမှုန့်ထုပ် များ ပါဝင်ကုသိုလ်ပြုလောင်းလှူခဲ့ကြောင်း သိရသည်။