images
UN
UN
ဘော်လ်တန်ကစားသမား၏လစာကို ပရော်ဖက်ရှင်နယ်အစည်းအရုံးက စိုက်ရှင်းပေးမည်
Tuesday, 11 December 2018
ပရော်ဖက်ရှင်နယ်ဘောလုံး သမားများအစည်းအရုံးသည် အင်္ဂ လန် ချန်ပီယံရှစ်ကလပ် ဘော်လ် တန်အသင်း၏ ကစားသမားလစာ များကို စိုက်ရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။ ဘော်လ်တန်အသင်းမှ ကစားသမားများသည် လစာမရရှိ ခြင်းကြောင့် လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြ ပြီဖြစ်သည်။
၎င်းတို့ ထွက်ခွာသွားပါက အသင်းပျက်သွားမည်ကို စိုးရိမ်နေ ခြင်းကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားအစည်းအရုံးက ဝင် ရောက်ဖြေရှင်းပေးရန် ကြိုးစားခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သော နို ဝင်ဘာလအတွက် ပေးချေရမည့် လစာများကိုသာ စိုက်ရှင်းပေးမည် ဖြစ်ပြီး ယခုလအတွက် လစာများ ကို ဘော်လ်တန်အသင်းဘက်မှ ပေးချေမည်ဟု သိရသည်။ဘော်လ် တန်အသင်းပိုင်ရှင် အန်ဒါဆန်က လစာပြဿနာများကို မကြာမီဖြေ ရှင်းပေးနိုင်တော့မည်ဟုလည်း ပြော ကြားထားသည်။Ref ;Skysports