images
UN
UN
မြန်မာ့ရိုးရာထန်းလျှော်တောင်း လက်မှုလုပ်ငန်းဈေးကွက်ကျဆင်း
နွေနဒီ၊မြစ်ငယ် Thursday, 13 December 2018
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာတွင် တစ်နှစ်ပတ်လုံးထန်းလျှော်တောင်းရက်လုပ်ရောင်းချလျက်ရှိသည်။ လက်ရှိကာလတွင် ထန်းလျှော်ဈေးနှုန်းမြင့်တက်ကာ ထန်းလျှော် တောင်းဈေးကွက်ကျဆင်းနေသည့်အတွက် အကျိုးအမြတ်နည်းနေ ကြောင်း သိရသည်။ ထန်းလျှော်ကုန်ကြမ်းဈေးမှာ ယမန်နှစ်က ထန်းလျှော်တစ်ရာလျှင် ငွေကျပ် ၄ဝဝဝပေးရပြီး ယခုနှစ်တွင် ထန်း လျော်တစ်ရာလျှင်ငွေကျပ် ၅ဝဝဝပေးရသည်။ ထန်းလျှော်ကောင်း ပါက ထန်းလျှော်တစ်ရာ ငွေကျပ် ၅ဝဝဝကျော်၊ ၆ဝဝဝအထိ ပေးရပြီး ထန်းလျှော်ကောင်းခြင်း မကောင်းခြင်းပေါ်မူတည်ကာ ဈေးနှုန်းအနိမ့်အမြင့်ရှိကြောင်း သိရသည်။ ထန်းလျှော်ဈေးနှုန်းမြင့်ပြီး ထန်းလျှော်တောင်းဈေးနှုန်းကျဆင်းသည့်အတွက် အကျိုးအမြတ် ရရှိမှုနည်းပါးကာ နေ့တွက်ရရှိအောင်သာပြုလုပ်နေကြရသည်။
ထန်းလျှော်တောင်းဈေးကွက်မှာ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူး၊ ကဆုန်လအထိ ငါးလသာ ဈေးကွက်ကောင်းပြီး ကျန်သည့် လများတွင် ထန်းလျှော်တောင်းဈေးကွက်ကျဆင်းသွားလေ့ရှိသည်။ အထူးသဖြင့် သရက်သီးပေါ်ချိန်တွင် ထန်းလျှော်တောင်းဈေးကွက် ကောင်းမွန်လေ့ရှိသည်။ တစ်တင်းခွဲဝင်တောင်းတစ်တောင်းလျှင် ငွေကျပ်၂ဝဝဝဖြင့် ဖောက်သည်သွင်းကြရသည်။ ထန်းလျှော် တောင်းများ တစ်နှစ်ပတ်လုံးရက်လုပ်နိုင်ရန်အတွက် ငွေကျပ် ၃၅ သိန်းကျော်ရင်းနှီးမြုပ်နှံကာ ထန်းလျှော်များဝယ်ယူစုဆောင်းထား ကြရသည်။ အများအားဖြင့် တစ်ပိုင်တစ်နိုင်မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး လက်ခစားရက်သူများလည်းရှိသည်။ လူတစ်ဦး လျှင်တစ်နေ့ ထန်းလျှော်တောင်း ၁ဝတောင်းအထိပြီးသည်။လက်ခ စားရက်လုပ်သူများမှာ တောင်းတစ်လုံးလျှင်ငွေကျပ်၅ဝဝရရှိကြောင်း သိရသည်။