images
UN
UN
တိုင်ဝမ်ဆီးသီး အဖွင့်ဈေးကွက်ကောင်းမွန်
နွေနဒီ(မြစ်ငယ်) Thursday, 13 December 2018
မန္တလေးမြို့ အမရပူရမြို့နယ် တွင် တိုင်ဝမ်ဆီးသီးများလှိုင်လှိုင် ပေါ်လျက်ရှိရာ အဖွင့်ဈေးကွက် ကောင်းမွန်လျက်ရှိပြီး ဆီးသီးဂျပ် ဖာပုံးတစ်ပုံးလျှင်ငွေကျပ် ၈ဝဝဝ ဖြင့်ရောင်းချရကြောင်း သိရသည်။ လက်ရှိကာလတွင် ပြည်တွင်းဈေး ကွက်တွင် ဆီးသီးပွဲရုံများသို့ ရက် ခြားတင်ပို့ပေးနေရသည်။ ခြံတစ်ခြံ လျှင် နှစ်ရက်တစ်ကြိမ် သုံးရက် တစ်ကြိမ် ခြံအကြီးအသေးအလိုက် ခူးဆွတ်ကြရသည်။ ဆီးသီးဂျပ်ဖာ ပုံးတစ်ပုံးလျှင် ဆီးသီးအလုံးအကြီး အသေးအလိုက် ဆီးသီးတစ်ရာခန့် ပါဝင်သည်။
တစ်ခါစိုက်ပျိုးပြီးသည်နှင့် နှစ်စဉ်စားသုံးရသောအပင်များထဲ တွင် ဆီးပင်လည်းပါဝင်သည်။ယခင်စိုက်ပျိုးပြီးသား ဆီးသီးပင် များကိုပင် လက်ရှိကာလတွင် တိုင် ဝမ်ဆီးသီးမျိုးများကို တစ်သျှူးမျိုး ပွားနည်းစနစ်ဖြင့် ကိုင်းကူးလေ့ရှိ သည်။ နောက်ပိုင်းစိုက်သည့်ဆီး သီးပင်များကိုမူ တိုင်ဝမ်ဆီးသီးမျိုး ကောင်းများကိုသာ ရွေးချယ်စိုက် ပျိုးလာကြသည်။
ဆီးပင်များမှာ အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် အသီး ကင်းများလှိုင်သည့်ကာလပင်ဖြစ် သည်။ အပင်လေးရာခန့်ရှိသော တိုင်ဝမ်ဆီးသီးခြံတစ်ခြံတွင် ပထမ ငြမ်းထိုးရန်အတွက် တစ်နေ့လျှင် လူ၃ဝခန့်အသုံးပြုကာ ဂရုတစိုက် ပြုလုပ်ပေးရသည်။
ယခုနှစ် မန္တလေးမြို့ အမရပူရ မြို့နယ်ရှိ ဆီးသီးခြံများတွင် ဆီးသီး လှိုင်လှိုင်ပေါ်လျက်ရှိရာ အဖွင့် ဈေးကွက် ကောင်းမွန်ကြောင်း သိရသည်။