images
UN
UN
ပြန်လည်လက်ခံကြပြီဆိုပါလျှင်
မောင်မောက်(ဝတ်လုံ) Thursday, 13 December 2018
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် မှစ၍ ဘင်္ဂလားဒေ့ရှ်တွင် ရောက်နေကြ သော ဘင်္ဂါလီဒုက္ခသည်များအား ပြန် လည် လက်ခံရေးလုပ်ငန်း စတင်နေပြီ ဖြစ်ပါသည်။ ဒုက္ခသည်များကလည်း သူတို့ အတွေးနဲ့ သူတို့ အမျိုးမျိုးတွေးနေ ကြ၏။ တချို့ဆိုလျှင် 'ပြန်ဝင်ဖို့ အချိန် စောသေးတယ်လို့ ထင်တယ်။ တို့လူမျိုး တွေရဲ့ လုံခြုံရေး စိတ်သိပ်မချရသေးဘူး၊ ဖမ်းဆီး သတ်ဖြတ်တာ ခံရနိုင်တယ်' စသဖြင့် တွေးနေကြ၏။
တချို့အဖွဲ့ကလည်း 'မပူပါနဲ့' နေ စရာအိမ်နဲ့အတူ ရေ၊ မီးအစုံ တာဝန်ယူ ပါတယ်တဲ့။ တချို့က ကျပြန်တော့ 'ပြန် လာလျှင်လာ၊ မလာလည်းနေ ရတယ်။ မလာလေ ကောင်းလေပဲ'တဲ့။အမျိုးမျိုး သတင်းစကားတွေ ကြားသိလာရပါ သည်။ ခြေမှလက်၊ လက်မှခေါင်း၊ ခေါင်းမှကိုယ်လုံး တတိတိဝင်လာသော ဘင်္ဂါလီများသည် တဖြည်းဖြည်းအင်အား ကြီးလာပြီး မြန်မာရွာတွေကို ဝါးမျိုကာ ကိုလိုနီလက်သစ်ပုံစံဖြင့် နယ်မြေသိမ်း တာ၊ နယ်မြေတောင်းတာတွေ ဖြစ်လာ လျှင် ဘယ်လိုလုပ်ကြမလဲဟု စိုးရိမ်နေ ကြသူတွေလည်း ဒုနှင်ဒေး။
ထို့ကြောင့်လည်း ဒေသခံတွေက ပြန် ဝင်လာမယ့် ဒုက္ခသည်တွေကို ရခိုင်ပြည် နယ်မှာ နေရာမပေးရေး၊ ဆန္ဒထုတ်ဖော်ပွဲ တွေ လုပ်နေကြသည်မှာ အများအသိ ဖြစ်၏။
တစ်ဖက်ကလည်းARSA, R2P, ICC, UNHCR, UNDP စသည့် ဗျူဟာ မျိုးစုံဖြင့် နိုင်ငံတကာ ဇာတ်ခုံပေါ်သို့ ဆွဲ တင်နေသည်ကို ခံနေရသည်။ ထို့ကြောင့် လည်း ပြည်ပစွက်ဖက်မှု ကန့်ကွက်ပွဲ တွေ၊ တပ်မတော်ထောက်ခံပွဲတွေ၊ တန် ပြန်အင်အားပြတဲ့ပွဲတွေ၊ ဒေသခံ တိုင်း ရင်းသားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ် ပေါ်လာရပြန်သည်။
ထို့အပြင် ကိုဖီအာနန်ကလည်း တမှောင့်UN မျက်နှာဖုံးစွပ်ပြီး ၈၈ ချက် အကြံပြုခဲ့ပါသည်။ ဤအချက်ထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု ဥပဒေကို လူသားချင်း စာနာမှုအရ လိုအပ်သလို ပြင်ဆင်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသား အဖြစ် လက်ခံပေးရန်ကိုပင် အကြံပြုထား သည်ကို တွေ့ရပါသည်။ Only Suggestion ပေလော၊ ဒါတည်းမဟုတ်Do as I Say ပေလော၊Do as I Say ဆိုလျှင် Sorry ဟုဖြေရန်သာ ရှိသည်။ ဒီရောဂါ မျိုးအတွက် ကာကွယ်ဆေးကို ၁၉၈၂ ခုနှစ်ကတည်းက ထိုးထားပြီးသား ဖြစ်ပါ သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပင် ဖြစ်ပါသည်။ လူသားချင်း စာနာမှုနှင့် ဥပဒေ၊ နှစ်ခုယှဉ်လာခဲ့လျှင် ဥပဒေကိုသာ အလေးထားလိုက်နာရ မည် ဖြစ်သည်။ လူသားချင်း မစာနာ၍ မဟုတ်။ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ ဥပဒေကို လေးစားလိုက်နာခြင်းသည် ထိုနိုင်ငံ၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။
မြန်မာနိုင်ငံသား ဥပဒေကို ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၄ အဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။ ယခင်က ရှိခဲ့ဖူးသော ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံသား ဥပဒေတွင် နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့် ရသူနှင့်နိုင်ငံခြားသားဟူ၍ ပါရှိပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တွင် နိုင်ငံသားဖြစ်လျှင် 'နိုင်' ဟုလည်း ကောင်း၊ ဧည့်နိုင်ငံသားဖြစ်လျှင် 'ဧည့်' ဟုလည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူ ဖြစ်လျှင် 'ပြု' ဟုလည်းကောင်း ထည့် သွင်းဖော်ပြထားပါသည်။

ထို့ကြောင့် နိုင်ငံသားစိစစ်ရေး ကတ် ပြားကို ကြည့်ရုံဖြင့် ထိုသူသည် နိုင်ငံ သားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံ သားပြုခွင့်ရသူလား အလွယ်တကူ သိရှိ နိုင်ပေသည်။
ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုး ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွား သော ဘင်္ဂါလီများကို ပြန်လည်လက်ခံ ရာ၌ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ လက်ခံသွားမည်ဖြစ်ကြောင်း သိရ ပါသည်။
ထိုဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကိစ္စသည် ဘင်္ဂါလီများ ပြန်လည်လက်ခံရာ၌ လွန်စွာ အဓိကကျလျက်ရှိပါသည်။
''နိုင်ငံတော်အတွင်းပါဝင်သော နယ် မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅၊ ခရစ်သက္ကရာဇ်၁၈၂၃ခုနှစ်မတိုင်မီကာလ မှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်း သားများနှင့် မျိုးနွယ်စုများသည် မြန်မာ နိုင်ငံသားများဖြစ်သည်''ဟု ပုဒ်မ၃တွင် အတိအလင်းပါရှိပါသည်။
ပုဒ်မ-၅တွင်လည်း တိုင်းရင်းသား တိုင်းသည်လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်း ကောင်း မွေးရာပါနိုင်ငံသားများဖြစ်သည် ဟုပါရှိရာ တိုင်းရင်းသားတိုင်းနှင့် ၄င်းတို့ မှမွေးဖွားသူတိုင်းသည် နိုင်ငံသားများ ဖြစ်ကြကြောင်း ထင်ရှားပြီးဖြစ်ပါသည်။ ဘင်္ဂါလီလူမျိုးနှင့်ရိုဟင်ဂျာသည် ကျွန်ုပ် တို့၏ တိုင်းရင်းသားများ မဟုတ်ကြပါ။
ထို့အပြင် ပုဒ်မ-၆အရ ဤဥပဒေ အာဏာတည်သည့် ၁၉၈၂ခုနှစ်တွင် နိုင်ငံ သားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်ပေ သည်။ သို့သော် ပုဒ်မ၁၈ပါ ပြဋ္ဌာန်းချက် အရ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန် ဖော်ပြခြင်း၊ သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိလာပါက နိုင်ငံ သားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ် ငါး သောင်းကိုလည်းကျခံရမည်ဖြစ်ပါသည်။
ထိုနည်းတူ ဧည့်နိုင်ငံသားအဖြစ်ကို လည်းကောင်း၊ နိုင်ငံသားပြုခွင့် ရသူ အဖြစ်ကိုလည်းကောင်း မဟုတ်မမှန်ဖော် ပြခြင်းသို့မဟုတ် ဖုံးကွယ်ခြင်းကြောင့် ရရှိခဲ့လျှင် ဧည့်/ပြုအဖြစ်မှ ရုပ်သိမ်းခြင်း ခံရမည့်အပြင် ထောင်ဒဏ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံရမည် ဖြစ်ပါသည်။ (ပုဒ်မ၃၆၊၅၉)
မည်သူမဆို နိုင်ငံသားလက်မှတ်ကို ဖြစ်စေ၊ ဧည့်နိုင်ငံသားလက်မှတ်ကိုဖြစ် စေ၊ နိုင်ငံသားပြုခွင့်ရသူ၏ လက်မှတ်ကို ဖြစ်စေ၊ အတုပြုလုပ်လျှင် ထိုသို့ပြုလုပ် ရန် အားပေးကူညီလျှင် ထောင်ဒဏ်တစ် ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်း ကို ကျခံရမည် ဖြစ်ပါသည်။ (ပုဒ်မ၂၁၊ ၄ဝ၊ ၆၃)
ထို့ကြောင့် ပြန်ဝင်လာသော ဘင်္ဂါလီ များကို ပြန်လည်စိစစ်လက်ခံရာတွင်-
၁။ လူသားချင်းစာနာမှုထက် (၈၂) ဥပဒေကို အလေးထားလိုက်နာ သင့်ကြောင်း။
၂။ နိုင်ငံနှင့်လူမျိုးအတွက် ရေရှည်ကို ကြည့်သင့်ကြောင်း။
၃။ တိကျသေချာသော စိစစ်မှုမျိုးဖြင့် စိစစ်ပြီးမှသာလက်ခံသင့်ကြောင်း။
၎။ မမှန်ကန်သူ အခြေအမြစ်မရှိသူ၊ ကတ်အတုကိုင်လာသူ၊ အခြားသူ ၏ကတ်ဖြင့်ဝင်လာသူ၊ သေပြီး သူ၏ကတ်ဖြင့် ဝင်လာသူများကို လက်မခံသင့်ကြောင်းနှင့်ထိရောက် စွာ အရေးယူသင့်ကြောင်း။
၅။ ပြန်လည်လက်ခံရေး လုပ်ငန်း အပေါ်တွင် စီးပွားရေးလုပ်ကွက် တစ်ခုအဖြစ် လုပ်ကွက်ဖော်သည့် အကြံအဖန် အချောင်သမားများ ကိုလည်း ဖော်ထုတ်အရေးယူမှု များ ပြုလုပ်သင့်ကြောင်း။
၆။ အရေးယူရာတွင် ၈၂ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ အဂတိလိုက်စားမှု ပ ပျောက်ရေး ဥပဒေအရဖြစ်စေ၊ သုံးခုစလုံးဖြင့်ဖြစ်စေ အရေးယူ သင့်ကြောင်း။ စသည်...စသည် တို့ကို မြန်မာနိုင်ငံသားတစ်ဦး အနေဖြင့် အကြံပြုတင်ပြလိုက်ရ ပေသည်။