images
UN
UN
မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ဥရောပကုမ္ပဏီများ၏ ယုံကြည်မှုပိုမိုကျဆင်းလာဟုဆို
NG Thursday, 13 December 2018
ဥရောပကုန်သည်ကြီးများ အသင်းချုပ်မှ ပြုလုပ်ခဲ့သော လေ့ လာမှုတစ်ရပ်အရ မြန်မာ့စီးပွားရေး ကဏ္ဍအပေါ်ဥရောပကုမ္ပဏီများ၏ ယုံကြည်မှုအခြေအနေမှာ ပိုမိုကျ ဆင်းလာသည့်အနေအထားသို့ ရောက်ရှိလာသည်ဟုတွေ့ရှိခဲ့သည် ဟုAsian Times သတင်းဌာနက ဖော်ပြသည်။
ဥရောပကုန်သaည်ကြီးများ အသင်းချုပ်၏လေ့လာမှုအရ၂ဝ၁၆ ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍ အပေါ် ကျေနပ်မှုနှင့် ယုံကြည်မှု မရှိသော ဥရောပကုမ္ပဏီအရေ အတွက်မှာ ၆၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၇၆ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကာ ယခုနှစ် တွင်မူ ၈၁ ရာခိုင်နှုန်းအထိရောက် ရှိလာခဲ့ခြင်းကြောင့် မြန်မာ့စီးပွား ရေးကဏ္ဍအပေါ် ဥရောပကုမ္ပဏီ များ၏ ယုံကြည်မှုသိသိသာသာ ကျဆင်းလာကြောင်း အတည်ပြု နိုင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ အပေါ် လက်ရှိအစိုးရ၏ကိုင်တွယ် ဆောင်ရွက်ခဲ့မှုများကြောင့် ဥရောပ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရေးကို ပြန်လည်သုံးသပ်မှုများပြုလုပ်ခဲ့ ကြသည်။ ထို့ပြင် ဥရောပသမဂ္ဂ သည်လည်း မြန်မာနိုင်ငံအား ပေး အပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးအား ဆက်ပေး သင့်မပေးသင့်ကိုပြန်လည်သုံးသပ် လျက်ရှိပြီး မြန်မာနိုင်ငံမှ တင်ပို့ သော ဆန်များအပေါ်တွင်လည်း အခွန်ကောက်ခံမှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်။