images
UN
UN
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော
တောင်သားမောင်သန်း Friday, 14 December 2018
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် စံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက အမှာစကားပြောကြားပြီး ကျောက်ထုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှူး ဦးအေးလင်းကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ချိုချိုဝင်းက စာအုပ် စာပေ လေ့လာဖတ်ရှုကြရေးနှင့် စာကြည့်တိုက်ရှင်သန်ရေးကိုလည်း ကောင်း အသီးသီးဟောပြောကြသည်။
ထို့နောက် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၅ဝ ကျော်တို့က ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ စီစဉ်ပြုလုပ်သည့် စာဖတ်ဝိုင်းတွင် စာအုပ်စာပေများ လေ့လာ ဖတ်ရှုဆွေးနွေးကြကြောင်းသိရသည်။