images
UN
UN
ချည်ဆေးဆိုးလုပ်ငန်း
နွေနဒီ(မြစ်ငယ်) Saturday, 15 December 2018
အမရပူရမြို့နယ်တွင် စက်ရက်ကန်းလုပ်ငန်းများကိုအခြေပြုကာ ချည်ထည်ဆေးဆိုးလုပ်ငန်းလုပ်ကိုင်သူများမှာ ပုံမှန်ဝင်ငွေရရှိ လျက်ရှိကြောင်း သိရသည်။ ချည်ဆေးဆိုးလုပ်ငန်းမှာ ရက်ကန်းလုပ် ငန်းအတွက် အခြေခံဖြစ်သည့်အားလျော်စွာ ရက်ကန်းဈေးကျသည် ဖြစ်စေ ဈေးတက်သည်ဖြစ်စေ ပြုလုပ်ကြရသည်။ ရက်ကန်းဈေး တက်သည့်အခါတွင် ပိုမိုအလုပ်ဖြစ်ပြီး ရက်ကန်းဈေးအေးသည့် အခါတွင်ပုံမှန်ဝင်ငွေသာရရှိသည်။လက်ရှိကာလချည်ဆေးဆိုးလုပ်ငန်း တွင် တစ်နေ့လျှင်လူတစ်ဦးချည်ဆေးဆိုးခငွေကျပ်၈ဝဝဝမှ၁ဝဝဝဝ ခန့်ရရှိကြောင်း သိရသည်။
ချည်ဆေးဆိုးလုပ်ငန်းတွင်စက်ရက်ကန်းလုပ်ငန်းပိုင်ရှင်မှချည်နှင့် ဆေးကို ပေးရသည်။ ဆေးဆိုးသူမှာ လုပ်အားခရယူကြသည်။ လက်ရှိကာလချည် ၁ဝ ပေါင် ထုပ်တစ်ထုပ်လျှင် ချည်ဆေးဆိုးခ ငွေကျပ် ၂ဝဝဝ လုပ်အားခယူကြသည်။ ချည်ဆေးဆိုးရန်အတွက် ပထမဦးစွာချည်ထုပ်ကို ဆပ်ပြာနှင့်ရေလျှော်ကြရသည်။ ကျွမ်းကျင်မှု အလိုက် အုပ်စုလိုက်စုပေါင်းလုပ်ကြရသည်။ ဆေးဆိုးရာတွင် မည်း ဆိုးခြင်း(အမည်းရောင်းဆိုးခြင်း)၊ အသွေးဆိုးခြင်း(အရောင်ဆိုးခြင်း) ဟူ၍ နှစ်မျိုးဆိုးကြသည်။အသွေးအရောင်ဆိုးခြင်းတွင် ဂရုတစိုက် ပြုကြရသည်။ ဆပ်ပြာနင်းခြင်းမှအစ ဆေးဆိုးကော်စာယူညှစ်သည် အထိ ဂရုစိုက်ကြရသည်။ မကျွမ်းကျင်ပါက ဆေးကွက်ခြင်း၊ ချည်ကွက်ခြင်းများဖြစ်သည်။ အသွေးအရောင်ဆိုးရာတွင် ရိုးရိုး၊ အပြာ၊အစိမ်း၊ ခရမ်းရောင်များဆိုးကြသည်။
အခြားအရောင်များကိုခံဆေး၊ ဖွင့်ဆေးများဖြင့် အရောင်ပြောင်း အောင်ပြုလုပ်ကြသည်။ ဒေသအခေါ်အားဖြင့် ဝမ်းတူးဆိုးသည်ဟု ခေါ်သည်။ ခံဆေးအဝါရောင်ဆိုးကာ ဖွင့်ဆေးအတွင်းထည့်လိုက် သည်နှင့် အနီရောင်ပြောင်းလဲသွားတတ်သည်။ ချည်ဆေးဆိုးသူများ မှာချည်ပေးသည်မှချည်ဆေးရောင်ခြောက်သည်အထိ တာဝန်ယူပေး ကြရသည်။ ချည်များကိုနေလှန်းရာတွင် တစ်နေကုန်လှန်းကြရသည်။ လှန်းဝါးတစ်ဝါးလျှင်ချည်ငါးပေါင် တစ်ထုပ်လှန်းနိုင်သည်။ ချည် ဆေးဆိုးသူများသည် အနည်းဆုံး ငါးဦးမှ ၁၁ဦးအထိ စုပေါင်း လုပ်ဆောင်ကြသည်။ လက်ရှိကာလတွင် စက်ရက်ကန်းလုပ်ငန်း အထည်ဈေးကွက်အေးသော်လည်း ချည်ဆေးဆိုးလုပ်ငန်းလုပ်ကိုင်သူ များမှာ ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။