images
UN
UN
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့်ကျေးရွာလူထုအခြေပြုသဘာဝခရီးသွားလာရေးအဖွဲ့ Best Community Involvement in Tourism ဆုရရှိ
ခိုင်မာ Saturday, 15 December 2018
ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေးနှင့် ကျေးရွာလူထုအခြေပြု သဘာဝခရီးသွားလာရေးအဖွဲ့ (Ayeyarwaddy Dolphin Conservation and Ecotourism) ကMyanmar Responsible Tourism Institute (MRTI) က ပေးအပ်ချီးမြှင့်သော Best Community Involvement in Tourism ဆုကို လက်ခံရရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာ နိုင်ငံအစီအစဉ်)မှ ယနေ့သိရသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နှင့်ကျေးရွာလူထုအခြေပြုသဘာဝ ခရီးသွားလာရေးအဖွဲ့သည် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလက အဆိုပါ ဒေသ၊ ကျေးရွာများမှ ဒေသခံများ ကိုယ်တိုင် ဦးဆောင်၍ စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ကိုယ် တိုင်စီမံခန့်ခွဲခြင်း၊ အကျိုးအမြတ် များခွဲဝေခြင်း၊ စည်းမျဉ်းစည်း ကမ်းများရေးဆွဲကာ ဆောင်ရွက် သော အဖွဲ့ဖြစ်သည်။
အဆိုပါအဖွဲ့သည် ဧရာဝတီ လင်းပိုင်များကိုအခြေခံ၍ လူထု အခြေပြုခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ခြင်း၊ ဒေသခံများ အတွက်အလုပ်အကိုင်အခွင့်အလမ်း များကို ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်နေပြီး ဧရာဝတီမြစ်၏ ရတနာများဖြစ်သော ဧရာဝတီ လင်းပိုင်များထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများကို ဆောင်ရွက်နေ သော အဖွဲ့လည်းဖြစ်ပါသည်။ ယင်းတို့အဖွဲ့၏ ဧရာဝတီလင်းပိုင် များနှင့် ဒေသခံရေလုပ်သားများ၏ အကျိုးတူပူးပေါင်း ငါးဖမ်းခြင်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ် ငန်းများအကြားတွင် လူစိတ်ဝင် စားမှုများပြားကြောင်း သိရသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)က အဆိုပါ အဖွဲ့ကို နည်းပညာများအပါအဝင် အခြားသော လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။