images
UN
UN
တပ်မတော်သားဟူသည်(ကဗျာ)
သွန်းလက်ျာ Saturday, 15 December 2018

* စည်းစိမ်ဥစ္စာ ကိုယ်အင်္ဂါနှင့်
ကြင်ယာဇနီး သမီးနှင့်သား
ပေးထားအသက် တိုင်းပြည်အတွက်ဆို
ရက်ရောစွာပင် စွန့်လွှတ်သူ။
* မိုးသည်းလေသည်း လျှပ်လည်းဖျပ်ဖျပ်
ရှစ်ရပ်ကယ်မှောင် လျှိုမြောင်တောကြား
ပြေးလွှားတုံ့ခေါက် စစ်ရေးရောက်က
ကြောက်ရွံ့မဲ့ကင်း ခြင်္သေ့မင်းသို့
တလင်းစစ်မြေ မိန့်မသွေဘဲ
တိုင်းပြည်ကိုဖြင့် ကာကွယ်သူ။
* စစ်ရေးစစ်ရာ ကင်းစင်ပါမူ
ပြည်သူပြည်သား ကိုယ့်သွေးသားသို့
ဆေးဝါးကုသ စိတ်မွန်လှနှင့်
သဘာဝဘေးဒဏ် ရောက်နေပြန်လည်း
အမြန်မနှေး ကူညီပေးသည်
နွေးထွေးယုယ ကြင်နာသူ။
* တပ်မတော်သား ဇာနည်ဘွားတို့
ကြီးမားမြင့်မြတ် ဂုဏ်ရည်မြတ်ကို
လေးမြတ်စွာပင် စာသားတင်ကာ
ကဗျာစီရေး မီရန်ဝေးခဲ့
လေးစားကြည်ညို ဖိတ်ယိုမေတ္တာ
စေတနာလောင်း ဆြုေ>ွခတောင်းသည်
မကောင်းရိပ်များ ကင်းပါစေ
ကောင်းနိမိတ်များ လင်းပါစေ။