images
UN
UN
ကလေးသူငယ်အခွင့်အရေးနှင့် အကျိုးစီးပွားဦးစားပေးသည့်တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံးလုပ်နည်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာသင်တန်းဆင်း
သူရကို Sunday, 16 December 2018
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ ကလေးသူငယ်အခွင့်အရေး နှင့်အကျိုးစီးပွားဦးစားပေးသော တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံး လုပ်နည်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာသင်တန်းကို ရဲတပ်ဖွဲ့ဝင်များအတွက် နှစ်ပတ် ကြာသင်ကြားပေးခဲ့ပြီး ယမန်နေ့ နံနက်၁၁နာရီက တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံး၌အမှတ်စဉ်(၂/၂ဝ၁၈) သင်တန်းဆင်းပွဲ အခမ်းအနားပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကလေး သူငယ်များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ဦးစားပေးသည့် တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံး လုပ်နည်းများကို သိရှိနားလည် စေရန်၊ကျား/မဆိုသောအဓိပ္ပာယ်ကို လူမှုအသိုင်းအဝိုင်းနှင့် ယဉ်ကျေး မှုပေါင်အတွင်းမှ ရှုမြင်တတ်စေ ရန်၊အကြမ်းဖက်မှုဖြစ်ရခြင်းများ၏ အဓိက အကြောင်းအရင်းများကို သိရှိနားလည်စေရန် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပြောသည်။
သင်တန်းဆင်းပွဲအခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်က သင်တန်းဆင်းအမှာစကားပြောကြား ခဲ့ပြီး သန်တန်းဆင်းပွဲသို့ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးဝင်းမင်းသိန်း၊ ဦးစီးအရာရှိ (ပထမတန်း)ဒုတိယရဲမှူးကြီးလှရီ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဌာနခွဲမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး များ၊ သင်တန်းနည်းပြအရာရှိများ၊ သင်တန်းသားအရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် ၁ဝဝနှင့်သတင်းမီဒီယာ များ၊ စုစုပေါင်း ၁၂ဝ တက်ရောက် ခဲ့ကြပြီး သင်တန်းသားကိုယ်စား လှယ်တစ်ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။