images
UN
UN
ဇာတိမာန်ဂဠုန်ဆရာစံ၏ ကြိုးပေးခါနီးကာလမှာပင် နောက်ဆုံးရေးစပ်ခဲ့သည့် ကဗျာလင်္ကာလေးပုဒ်
ခြိမ့်နိုင် Tuesday, 18 December 2018
မြန်မာ့သမိုင်းတွင် သေအံ့ကာလနီးနီး မှာပင် ကဗျာလင်္ကာများရေးဖွဲ့နိုင်ခဲ့သည့် စာဆိုများ ရှိခဲ့ပါသည်။ ထိုစာဆိုများထဲ တွင် ထင်ရှားပေါ်လွင်လူသိများကြသည့် စာဆိုများမှာ ပုဂံခေတ်ကာလ မင်းပြစ် မင်းဒဏ် အမျက်မာန်သင့်၍ တောင်စွယ် နေမကွယ်ခင် သေအံ့ဆဲဆဲမှာပင် ဘုရင် အရှင်သခင်အား အမျက်တော်ပြေစေပြီး အမှားအမှန်သဘောကိုတရားဥာဏ်အလင်း ပြ၍ လောကလူ့သဘာဝမှာ ဖြစ်တတ် ပျက်တတ်ကြောင်းကို တရားအသိယှဉ် ကာ သံဝေဂကဗျာ ရေးသားခဲ့သည်။
''သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ သူတစ်ယောက်မှာ ပျက်လင့် ကာသာ ဓမ္မတာတည့်။ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံ၍ ပျော်စံ ရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာရေမျက်နှာထက်ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည့်'' အစချီသည့် မျက်ဖြေလင်္ကာလေးပုဒ်ကို ရေးသားခဲ့သော အနန္တသူရိယအမတ်ကြီး။ ထို့နောက် ညောင်ရမ်းခေတ်(၁၁၁၆)ခုနှစ် မှာ နန်းတွင်းရေးရာအရေးနိမ့်၍ သေရအံ့ နီးနီးမှာပင်''ပုဂ္ဂိုလ်ခြောက်မည်သန္ဓေတည် သား''အစချီ လင်္ကာသုံးပိုဒ်ကို ရေး သားခဲ့သော ဟံသာဝတီရောက် မင်း တရားကြီး။
ကုန်းဘောင်ခေတ်မှာပင် ဘုရင့်ရာဇ မာန်သင့်၍ အကျဉ်းချထားပြီး ကွပ်မျက် ခံရအံ့အချိန်လေးမှာပင် ''ဟုတ်ပလေ နှုတ်ခြွေဟရမှာဖြင့်ပုဗ္ဗေစထင်ရဲ့လေ''အစချီ လေးချိုးကိုရေးသားခဲ့သော စလေဦးပုည။ နောက်ကုန်းဘောင်ခေတ်မှာပင် နန်းတွင်း အချစ်ရေး၊လူမှုရေး အရှုပ်အထွေးများမှာ ပါဝင်ပတ်သက်ခဲ့၍ အမျက်တော်ရှ ရာဇမာန်ခခံရပါ၍ ကွပ်မျက်စီရင်ခံရအံ့ အချိန်မှာပင် ''ချစ်ရသူတင်တင်ရဲ့ ဘဝင် မြင့်သက်ညှာ ဆင်မသင့်ခက်ပါတယ် '' အစချီတေးထပ်ကိုရေးသားခဲ့သည့်တောင် သမန်လယ်စား မောင်ဖေငယ်။ စသည့် ပုဂ္ဂိုလ်တို့သည် နန်းတွင်းနန်းပြင်အထိ လူသိများထင်ရှားသော စာဆိုများဖြစ်၍ ထင်သည်။ သူတို့၏ သေအံ့မူးမူးကာလ မှာပင်ရေးသားခဲ့သော စာ၊ကဗျာ၊ လင်္ကာ များသည် ပေါ်လွင်ထင်ရှားလှပါသည်။
ယခုတင်ပြလိုသည့်စာဆိုဟုခေါ်အပ် သော သေအံ့မူးမူး အချိန်ကာလမှာပင် ကဗျာရေး မော်ကွန်းထိုးခဲ့သောပုဂ္ဂိုလ်မှာ ဟို ----ပဒေသရာဇ်ခေတ်ကာလက မဟုတ် တိုင်းခြားနယ်ချဲ့ ခေတ်ကာလမှ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ သူသည် ကဗျာစာဆိုရှင် မဟုတ်သော်ငြား စာပေနှင့်မကွာမဝေး မစိမ်းသော ပညာရှင်ဖြစ်ပါသည်။ သူ သည် မျိုးချစ်စိတ်ပြင်းထန်လွန်း၍ မိမိ ထက် လက်နက်အရာ စစ်ပညာအရာ သာလွန်သောနယ်ချဲ့အစိုးရကို မကြောက် မရွံ့တောင်သူလယ်သမားအရေးကို ဦး ဆောင်တော်လှန်သော နယ်ချဲ့တို့က အလေးထားပြီးဂရုစိုက်ရသော ဖိမ့်ဖိမ့် တုန်အောင်ကြောက်ရသော ဂဠုန်ဆရာစံ ပင်ဖြစ်ပါသည်။


ဗြိတိသျှနယ်ချဲ့က ဟံသာဝတီသူပုန် ဂဠုန်သူပုန်ဟူ၍ အမည်ဆိုးပေးထား သော်လည်း မြန်မာ့သမိုင်းစာမျက်နှာတွင် အလေးအမြတ်ပြု၍ထားသောလယ်သမား အရေး မျိုးချစ်တော်လှန်ရေး ခေါင်း ဆောင်ပင် ဖြစ်ပါသည်။ ဆရာစံကို အဖ ဦးကျေး အမိဒေါ်ဖက်တို့မှ (၁၈၇၆)ခုနှစ် အောက်တိုဘာ ၂၄ရက်တွင် မွေးဖွားခဲ့ပါ သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း မြို့နယ် သရကန်ဇာတိ ဖြစ်ပါသည်။ မြန်မာတိုင်းရင်းဆေးပညာဖြင့် အသက် မွေးပါသည်။ အထက်ဖော်ပြသလို စာပေ ဆိုင်ရာကဗျာစာဆိုရှင်မဟုတ်သော်လည်း စာပေနှင့် မစိမ်းလှပါ။ ရောဂါဝေဒနာ လက္ခဏာဇာစ်မြစ်ကို လေ့လာသော (ရောဂါလက္ခဏုဇကျမ်း၊ ဝိဇ္ဇာသိပ္ပံ အဂုင်္တ္တရကျမ်း)တို့ကို ပြုစုရေးသားခဲ့ ပါသည်။ နယ်ချဲ့လက်အောက် ပြည်သူ များအဖိနှိပ်ခံဘဝမှာဆင်းရဲခြင်းဘေးဒုက္ခ အမျိုးမျိုးနှင့် ကြုံရလေသောအခါ မမြင် ရက်မကြားရက်ဖြစ်ရသလို မြေခွန်လယ် ခွန်တွေသာမက လူခွန်၊ သီးစားခွန်များပါ ကောက်ခံ၍ ပြည်သူများ မခံမရပ်နိုင်ဖြစ် ခဲ့ရသည်။ နယ်ချဲ့သည် ပြည်သူပြည်သား များ၏ဘဝကိုမသိ ကိုယ်ချင်းစာစိတ်မရှိ ဘဲ အခွန်မဆောင်နိုင်ပါက ချစ်တီးစီးပွား ရေး သမားတွေက လယ်သိမ်း၊ ခြံသိမ်း၊ မြေသိမ်း၊ လူပါသိမ်းတော့သည်။ နယ်ချဲ့ အစိုးရသည် ပြည်သူဘက်မှမရပ် ပြည်သူ ကို အကာအကွယ် မပေးသည့်အတွက် ဆရာစံသည် အမျိုးထိ မချိအောင်နာ ဆိုသလိုဆရာစံသည်တောင်သူလယ်သမား များဘဝကို တတ်နိုင်သမျှ ကာကွယ် စောင့်ရှောက်ရန်အတွက် လွတ်မြောက် ရန်လူအင်အားလက်နက်အင်အားသာလွန် သောနယ်ချဲ့တို့ကိုဂရုမစိုက်ဘဲ ခေါင်း ဆောင်ပြီး တော်လှန်ခဲ့ပါသည်။.
မြန်မာ့သမိုင်းမှာဂဠုန် ဂဠုန်ြွကွကြွ သူပုန်သူပုန်ထထဟူသော ကြွေးကြော်သံ ဂယက်နှင့်အတူ တောင်သူလယ်သမား အရေးတော်ပုံတော်လှန်ရေးကို ဂဠုန် ဆရာစံအမည်နှင့်၂၂-၁၂-၁၉၃ဝမှစတင် ၍ထင်ရှားပေါ်လွင်ဦးဆောင်လာခဲ့ပါသည်။ ၁၉၃၁ ခုနှစ်မှာ မျိုးချစ်စိတ်ဓာတ်ရင့် သန်မှုမှာ အဆတစ်ရာရင့်သန် အားသာ လာခဲ့သော်လည်း လက်နက်ရိက္ခာ လူအင်အားမှာ အားနည်းမှုဖြစ်လာ၏။
၁၉၃၁ ခုနှစ် သြဂုတ်လဆန်း ၂ရက် နေ့တွင် နောင်ချိုမြို့နယ် နောင်ကွန်းရွာအနီး မှာဖမ်းမိခဲ့၏။ ဆရာစံကို နယ်ချဲ့ဗြိတိသျှ ဘုရင်ကိုတော်လှန်မှုဖြင့်ရုံးတင်တရားစွဲဆို ခဲ့ရာအပြစ်ဒဏ်ကြိုးမိန့်ချမှတ်ခံရပါသည်။ ဆရာစံထောင်တွင်းအကျဉ်းကျနေစဉ်မှာ မြန်မာ့အလင်းသတင်းထောက်၏ကြိုးပမ်း တောင်းဆိုမှုကြောင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုရေးသားခဲ့ပြီး ယခုဖော်ပြပါ ကဗျာလေးပုဒ်ရေးသားပေးခဲ့ပါသည်။
ထိုစဉ်ကဆရာစံရေးသမျှကို ဆရာစံ ပုံနှင့်တကွ မြန်မာ့အလင်းနေ့စဉ်သတင်း စာတွင် နေ့စဉ်ဖော်ပြခဲ့ပါသည်။
ဆရာစံအား ၁၉၃၁ ခုနှစ် နိုဝင်ဘာ လနောက်ဆုံးပတ် စနေနေ့ ၆ နာရီ ၃ဝ တွင် သာယာဝတီဗဟိုအကျဉ်း ထောင် မှာကြိုးပေးစီရင်ခဲ့ပါသည်။ အချို့ဆောင်း ပါးတွင် ငါးနာရီဟုမူကွဲလျက် ရှိပါသေး သည်။
ဆရာစံ သေအံ့ကာလမှာပင် မရွံ့ မကြောက်ဇာတိမာန်မညှိုး အမျိုးကိုချစ် သောသူရဲကောင်းပီသစွာ(ဖြစ်လေရာဘဝ မှာအင်္ဂလိပ်ကို နိုင်ရတဲ့ကိုယ်ဖြစ်ရပါစေ) ဟုပြတ်သားစွာ ဆုတောင်းသွားခဲ့ပြီး နယ် ချဲ့ပေးသောအပြစ်ကို ခံယူသွားပါသည်။
သမိုင်းတွင်တိမ်မြုပ်နေသော ဆရာစံ ၏သေရအံ့အချိန်တွင် ရေးသားခဲ့သော ကဗျာလေးပုဒ်ကို မှတ်တမ်းပြု ဖော်ပြ လိုက်ပါသည်။
[ ၁ ]
''မည်သူမည်ဝါ ဤကမ္ဘာတွင် ခန္ဓာ ခိုင်စွဲ မမြဲမှတ်ရာ လူ့တံထွာတည်း''
[ ၂ ]
''မီးတစ်ဆယ့်တစ် ငြိမ်းရာဖြစ် သော စင်စစ်ဧကန် ပြည်နိဗ္ဗာန်သို့ အမြန် ထုတ်ချောက် မရောက်ရသေး လူတစ်ဝေး တို့ သေဘေးတွေ့ရ ဖြစ်ကအမှန် ပျက်မြဲ ပြန်တည်း။''
[ ၃ ]
''ကြောက်သွေးဟူ၍ နှမ်းတစ်စေ့မျှ မဝေ့စိတ်ထဲ ရိပ်မဝဲတည့် အမြဲမတည် လူဟူသည်ကား မရှည်အသက် ကြာနေ ပျက်ကို ပြက်ပြက်ထင်ထင် ငါ့အမြင် တည်း''
[ ၄ ]
''ထက်အောက်မြန်မာ လူတကာတို့ ဆရာခေါ်ဆို ငါ့ဂုဏ်ကိုလျှင် ကြူးပိုသည် ရုံး ဘယ်သို့ထုံးလည်း အဆုံးဆိုရေး ကြိုး ဒဏ်ဘေးနှင့် ဝေးရမည်တည်း''