images
UN
UN
အာဆီယံနိုင်ငံများ ဖော်ဆောင်ရမည့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် တည်ဆောက်ခြင်း
ပြည့်ဖြိုးနိုင် Wednesday, 19 December 2018
၂ဝ၁၈ ခုနှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော စင်ကာပူသည် အာဆီယံအသိုင်းအဝိုင်း ကြားတွင် တီထွင်ဖန်တီးမှုကို တွန်းအား ပေးသည့်အခြေအနေများ ပိုမိုဖန်တီးနိုင် ရန် ရည်ရွယ်သောလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ခဲ့သည့်အပြင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်သို့ ပြောင်းလဲနိုင်ရန် ရည် ရွယ်သည့် သဘောတူညီချက်များကိုလည်း ရယူနိုင်ခဲ့သည်။ အာဆီယံနိုင်ငံများကြား ၌ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ဖန်တီး နိုင်ရန် ကြိုးပမ်းခြင်းနှင့် တီထွင်ဖန်တီး မှုကို ဦးစားပေးသည့် လုပ်ဆောင်ချက် များ ပိုမိုပေါ်ထွက်လာရန် ရည်ရွယ်ဆောင် ရွက်ခြင်းသည် အာဆီယံစမတ်မြို့တော် များကွန်ရက်၏ လုပ်ဆောင်ချက်တစ်ရပ် အဖြစ်လည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အာဆီယံစမတ်မြို့တော်များကွန်ရက် သည် အာဆီယံဒေသတွင်းရှိ မြို့ကြီးများ ကြား၌ နည်းပညာသစ်များကို ပိုမိုအသုံး ပြုနိုင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ်နည်း ပညာအား ပိုမိုအသုံးပြုကာ တည်ငြိမ် သည့်ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင် နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၈ ခုနှစ်အတွင်း၌ အာဆီယံနိုင်ငံများ ကြားတွင် အွန်လိုင်းကို အခြေခံသည့် စီးပွားရေးစနစ်တည်ဆောက်ရေးနှင့်ဆိုင် သော သဘောတူညီချက် ရယူနိုင်ခဲ့သည်။ အဆိုပါသဘောတူညီချက်သည် အာဆီယံ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအား အွန်လိုင်းနှင့် ခေတ်မီ နည်းပညာများကို အခြေခံသည့်စီးပွားရေး စနစ်တစ်ခုတည်ဆောက်ကာ မောင်းနှင် အားဖြင့် အသုံးပြုရန် ရည်ရွယ်သော သဘောတူညီချက်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် ၂ဝ၂၅ ခုနှစ်၌ အာဆီယံနိုင်ငံများကြားရှိ အွန်လိုင်းကို အခြေခံသော စီးပွားရေးကဏ္ဍ၏ ပမာဏ မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ အထိ ရောက်ရှိစေရန် အထောက်အကူ ဖြစ်စေမည်ဟုလည်း မျှော်မှန်းထားကြ သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အခန်း ကဏ္ဍသည် စီးပွားရေးကဏ္ဍတွင်သာမက ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်း ပညာ၏ အရေးပါမှုမြင့်တက်လာသော အခြေအနေမှန်များကို ကောင်းစွာလက်ခံ ကာ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက် နိုင်ရေးအတွက် အသင့်ရှိသောအခြေအနေ မျိုးဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းသင့်သည်။ ဒစ်ဂျစ်တယ်နည်းပညာ၏ အရေးပါမှု မြင့်တက်လာခြင်းကို အသုံးချနိုင်မည့် ဟန်ချက်ညီသော ချဉ်းကပ်ဆောင်ရွက်မှု များ ဖော်ဆောင်ခြင်းဖြင့် အာဆီယံဒေသ ၏ ဒစ်ဂျစ်တယ်နှင့်ဆိုင်သော ယှဉ်ပြိုင် စွမ်းမြင့်မားလာစေမည့်မူဝါဒများကို ချ မှတ်ကျင့်သုံးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် လုပ်ဆောင် သင့်သည်။ လက်ရှိအချိန်၌ အာဆီယံ နိုင်ငံများ၏ စီးပွားရေးကဏ္ဍတွင် ဒစ်ဂျစ် တယ်နည်းပညာဖွံ့ဖြိုးရေးအစီအစဉ်များ ကို ထည့်သွင်းအသုံးပြုရန် ရည်ရွယ်ချမှတ် ထားသော ဥပဒေများနှင့် လုပ်ထုံးလုပ် နည်းများ ရှိနေပြီးဖြစ်သည်။
ဥပမာတစ်ရပ် အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်အထိ ဖော် ဆောင်ရန် ချမှတ်ထားသော အာဆီယံ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာဆိုင်ရာ စီမံကိန်းသည် အာဆီယံနိုင်ငံများကြား၌ အပြန်အလှန် ချိတ်ဆက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက် မှု လုပ်ငန်းစဉ်များအား ဖော်ဆောင်ရာ တွင် သတင်းအချက်အလက်နှင့်ဆက် သွယ်ရေးနည်းပညာ၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် ချမှတ် ထားသည့်စီမံကိန်းဖြစ်နေသည်ကို ပြသ ရမည်ဖြစ်သည်။
၂ဝ၂၅ ခုနှစ်အထိ သတ်မှတ်ထား သော အာဆီယံစီးပွားရေးအသိုက်အဝန်း ၏ စီမံကိန်းများအတွင်း၌ အွန်လိုင်းကို အခြေခံသည့်စီးပွားရေးစနစ်ကို စီမံကိန်း ၏ အဓိကထောက်တိုင်တစ်ရပ်အဖြစ် သတ်မှတ်ထားသည့်အပြင် ဒေသတွင်း ချိတ်ဆက်မှုနှင့် ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင်ရာတွင် လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ အသုံးပြုရန် စီစဉ်ထားသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း၏ အသေးစိတ် အစီအမံများအတွင်း၌ နိုင်ငံတကာသို့ ထုတ်ကုန်များတင်ပို့ရန် ရည်ရွယ်သည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအတွင်း၌ အဆင့်မြင့်နည်းပညာများအား ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရေးကို အရေးအကြီး ဆုံးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်း သတ်မှတ်ထားသည်။ ထို့အပြင် ကုန်သွယ် မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါ အဝင် အာဆီယံနိုင်ငံများအတွက် အဓိက ကျသော အနေအထားတွင်ရှိနေသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ် ငန်းများကဏ္ဍကဲ့သို့ ဦးစားပေးကဏ္ဍများ တွင်လည်း အဆင့်မြင့်နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားရန် ရည်မှန်းလျက်ရှိသည်။ အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်နိုင်သည့် အရာများကို တိုးချဲ့ထည့်သွင်းခြင်းဖြင့် ဒေသတွင်းချိတ်ဆက်မှုသို့မဟုတ် ကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်မှုများ ဆောင် ရာတွင် အချိန်ကုန်သက်သာခြင်းအပါအဝင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည့် အား သာချက်များကို ပိုင်ဆိုင်စေမည်ဖြစ်သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် ချမှတ်ထားသော ထောက်တိုင်အသစ်များ အတွင်း၌ လက်ရှိဖော်ဆောင်လျက်ရှိသော မူဝါဒများနှင့် အနာဂတ်အစီအမံများကို စနစ်တကျပေါင်းစပ်ထည့်သွင်းနိုင်ရန် လည်း လိုအပ်မည်ဖြစ်သည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်းဖော်ဆောင်ရန် အတွက် ရေးဆွဲထားသောစီမံကိန်းများ သည် အာဆီယံဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကဏ္ဍများအား ဒစ်ဂျစ်တယ်စနစ် နှင့် ခေတ်မီနည်းပညာများကို အခြေခံ သော လားရာသို့ရောက်ရှိစေရန် ရည်ရွယ် ထားသည့်စီမံကိန်းများဖြစ်သည်။
(Ref; Advancing ASEAN's Digital Economy by Phidel Vineles )
(ဆက်လက်ဖော်ပြပါမည်)