images
UN
UN
နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းမှစီစဉ်တင်ဆက်သော နှင်းဆီပုဝါခြုံသည့်လက်အငြိမ့် ကပြဖျော်ဖြေမည်
သူရကို Thursday, 20 December 2018
ရန်ကုန်မြို့ ပြည်လမ်း တော် ဝင်ဂါးဒင်းဟိုတယ်တွင်၂ဝ၁၉ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၂ ရက် အထိ နှစ်ရက်ကြာ နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းမှ စီစဉ် တင်ဆက်သည့် နှင်းဆီနယ်နိမိတ် အငြိမ့်ပွဲ ကပြဖျော်ဖြေမည်ဖြစ် ကြောင်း သိရသည်။
ဒါရိုက်တာမောင်မျိုးမင်း(ရင် တွင်းဖြစ်)က''နှင်းဆီအငြိမ့် က ခဲ့တာ ၁၁နှစ်ကျော်ရှိပါပြီ။ ၂ဝဝ၇ ခုနှစ်ကစတင်ကခဲ့ကြတယ်။၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်မှာကျင်းပမယ့် နှင်းဆီပုဝါခြုံ သည့်လက် အငြိမ့်ကတော့ ၂ဝ၁၉ ခုနှစ်အတွင်း နှင်းဆီအဖွဲ့ရဲ့ ပထမ ဆုံး အငြိမ့်ပွဲပါ။ တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့ရသတွေ၊ အကြောင်း အရာတွေ၊ ထူးခြားတဲ့တင်ဆက် မှုတွေ ပါဝင်ခဲ့သလိုအခုအငြိမ့်ပွဲမှာ လည်းပရိသတ်တွေအကောင်းဆုံး ကြည့်ရှုခံစားနိုင်အောင် ကြိုတင် ပြင်ဆင်နေပါတယ်''ဟုပြောကြား ခဲ့သည်။
နှင်းဆီပုဝါခြုံသည့်လက်အငြိမ့် ပွဲကို ဒါရိုက်တာမောင်မျိုးမင်း(ရင် တွင်းဖြစ်)မှစီစဉ်ကျင်းပခြင်းဖြစ်ပြီး ရှင်သန်ခြင်းနှင်းဆီအငြိမ့်ကို ၂ဝဝ၇ ခုနှစ်မှ စတင်ကာ ကပြဖျော်ဖြေခဲ့ ကြောင်းသိရသည်။
ယခု ၁၁ နှစ်ကျော်ခန့်ရှိပြီဖြစ် ပြီး ၂ဝ၁၉ခုနှစ် ဇန်နဝါရီ ၁၁ ရက် နှင့် ၁၂ ရက်နေ့များတွင် နေ့စဉ် ည ၇ နာရီမှစတင်ကာ ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။
လက်မှတ်တစ်စောင်လျှင်VVIP ကျပ်၁ဝဝဝဝဝ၊VIPကျပ်၅ဝဝဝဝ၊ ကျပ်၃ဝဝဝဝနှုန်းဖြင့် ရောင်းချသွား မည်ဖြစ်ကြောင်းလက်မှတ်များကို ဖုန်း ဝ၉၄၅ဝဝဝဝ၉၅၄၊ဝ၉၄၃၉၂၆၁၄၄၄ တို့သို့ ဆက်သွယ်ကာ ကြိုတင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ပရိသတ်များနှင့်တွေ့ဆုံကာ အမှတ်တရလက်မှတ်ရေးထိုးရင်း လက်မှတ်များကိုရောင်းချသွားရန် စီစဉ်ထားကြောင်း၊ အငြိမ့်ပွဲမှရရှိ သည့်လှူဒါန်းငွေများအားလုံးကို နှင်းဆီရင်ခွင်လူမှုကူညီရေး ဖောင် ဒေးရှင်းနှင့်အတူ လူထုအကျိုးပြု လုပ်ငန်းများတွင် လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
လူရွှင်တော်များအဖြစ် ပါဝင် သရုပ်ဆောင်သူများဖြစ်သော မင်း မော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ မင်းသမီးများ အဖြစ် ဖူးစုံ၊ မေကဗျာ၊ မိုးပြည့် ပြည့်မောင်၊ မိုးယုစံနှင့် အနုပညာ ရှင်များစွာ ပါဝင်ကပြဖျော်ဖြေ မည်ဖြစ်ကြောင်း သိရသည်။